လောကလူတွေဟာ မရေမတွက်နိုင်တဲ့ အပြစ်မဲ့တဲ့လူတွေ စစ်ပွဲတွေမှာ သေဆုံးရတဲ့အခါ ဒေါသထွက်ကြသလိုမျိုး၊ ယေရှုခရစ်ဟာ သူ့ရဲ့ ဝိညာဏသားသမီးတွေကို အသွေးကျစေတဲ့ စာတန်အပေါ် အမျက်ဒေါသထွက်ခဲ့ပါတယ်။
သူဟာ တနင်္ဂနွေဝတ်ပြုခြင်းနဲ့ ခရစ္စမတ်စတဲ့ ကမ္ဘာမှာပြည့်နှက်နေတဲ့ အဓမ္မအမှုတွေရဲ့ လှည့်ဖြားခြင်းကိုမခံဖို့ တောပင်နဲ့စပါးပင်ဥပမာကတစ်ဆင့် သူ့ရဲ့သားသမီးတွေကို သွန်သင်ပေးရင်း သူဘယ်သူဖြစ်တယ်ဆိုတဲ့ အထောက်အထားကို
ဖော်ပြခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ စာတန်စိုက်ပျိုးထားတဲ့တောပင်တွေကတော့ နေနတ်ကို ကိုးကွယ်ခြင်းဖြစ်တဲ့ တနင်္ဂနွေနေ့ဝတ်ပြုခြင်း၊ ခရစ္စမတ်နဲ့ လက်ဝါးကပ်တိုင်ကိုးကွယ်ခြင်းတွေဖြစ်ပြီး ငရဲပြစ်ဒဏ်ကို ရရှိစေမှာဖြစ်ပါတယ်။
သမ္မာကျမ်းစာသင်ကြားချက်တွေအတိုင်း၊ ဘုရားသခင်၏အသင်းတော် အသင်းဝင်တွေဟာ ဥပုသ်နေ့နဲ့ ပသခါပွဲအပါအဝင် ဘုရားသခင်ရဲ့ပညတ်တော်တွေကို စောင့်ရှောက်ကြပါတယ်။
သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။
ရှင်မဿဲခရစ်ဝင် ၇:၂၁
ဘုရားသခင်ကို . . . ပြစ်မှားခြင်းငှာ နှုတ်ကိုဖွင့်ထား၏။
ကွပ်မျက်သောသိုးသငယ်၏ အသက်စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသား အပေါင်းတို့သည် သားရဲကို ကိုးကွယ်ကြ၏။
ဗျာဒိတ်ကျမ်း ၁၃:၆-၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်