ကမ္ဘာပေါ်က မိသားစုတစ်ခုမှာ အဖေ၊ အမေနဲ့ သူတို့ရဲ့ ကလေးတွေရှိသလို၊
ကောင်းကင်နိုင်ငံမှာလည်း အဖေဘုရားသခင်၊ အမေဘုရားသခင်နဲ့
ဘုရားသခင်ရဲ့ အမွေတွေကိုဆက်ခံမယ့် ကောင်းကင်သားသမီးတွေရှိပါတယ်။
ကမ္ဘာပေါ်က မိဘတွေဟာ သူတို့ရဲ့သားသမီးတွေအတွက် ပေးဆပ်သလိုမျိုး
ကောင်းကင်မိဘတွေလည်း လက်ဝါးကပ်တိုင်ပေါ်မှာ အသွေးသွန်းပေးခဲ့တဲ့
ပေးဆပ်မှုနဲ့ ချစ်ခြင်းမေတ္တာအားဖြင့် သူတို့သားသမီးတွေရဲ့ အပြစ်ကို ခွင့်လွှတ်ပေးခဲ့ပြီး
သူတို့ကို ကယ်တင်ပေးဖို့ ကတိပေးခဲ့ပါတယ်။
ရုပ်ပိုင်းဆိုင်ရာမိဘနဲ့ ဝိညာဉ်မိဘကို ရိုသေစွာပြုဖို့ မိန့်တော်မူတဲ့
ခရစ်တော်အန်ဆန်ဟုန်းရဲ့နှုတ်ကပတ်ကို ဝမ်းမြောက်စွာနဲ့လိုက်လျှောက်ကြတဲ့
ဘုရားသခင်၏အသင်းတော်ရဲ့ မိသားစုတွေဟာ
မိဘတွေရဲ့ကရုဏာတော်အတွက် အမြဲတမ်းကျေးဇူးတင်တဲ့စိတ်နဲ့
ယုံကြည်ခြင်းလမ်းကို လျှောက်နေကြပါတယ်။
“တနည်းကား ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့်
ငါတို့သည် ဆုံးမခြင်းကိုခံရသောအခါ သူတို့ကိုရိုသေကြ၏။ ထိုမျှမက
စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍ အသက်ချမ်းသာရကြမည် မဟုတ်လော။” ဟေဗြဲဩဝါဒစာ ၁၂:၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်