ဘုရားသခင်ဟာ သမ္မာကျမ်းစာ (၆၆) အုပ်စလုံးမှာ၊ ချစ်ခြင်းမေတ္တာအကြောင်းကို ဖော်ပြထားပါတယ်။
ဘုရားသခင်ဟာ ဒီမြေကြီးကိုကြွလာခဲ့ပြီး၊ လူသားတွေရဲ့အပြစ်အားလုံးကို ထမ်းဆောင်ပြီးတော့၊
လက်ဝါးကပ်တိုင်တင်သတ်ခြင်းကိုတောင် ခံယူခဲ့ခြင်းအားဖြင့်၊
ကြီးမားတဲ့ချစ်ခြင်းရဲ့ပုံသက်သေကို ပြသတော်မူခဲ့ပါတယ်။
ဒါကြောင့်၊ ဘုရားသခင်ရဲ့သားသမီးတွေဟာ
အချင်းချင်း ချစ်ပြီး၊ စည်းလုံးပြီး၊ အချင်းချင်း ထည့်သွင်းစဉ်းစားပေးကြတဲ့အခါမှာ၊
ပညတ်သစ်ကိုပြည့်စုံစေနိုင်ပြီး၊ ကောင်းကင်ကောင်းချီးမင်္ဂလာတွေကို ရရှိနိုင်ပါတယ်။
ဒီနေ့ခေတ်မှာ၊ ကမ္ဘာအနှံ့က ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေဟာ
ဘုရားသခင်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့ သင်ခန်းစာတွေအတိုင်း၊
အချင်းချင်းရဲ့ ကွဲပြားတဲ့ယဉ်ကျေးမှုဓလေ့ထုံးစံနဲ့ ကွဲပြားတဲ့အတွေးအခေါ်တွေကို
ချစ်ခြင်းမေတ္တာဖြင့် နားလည်သဘောပေါက်ကြပြီး၊ ထည့်သွင်းစဉ်းစားကြပါတယ်။
သူတို့ဟာ လောကထဲမှာလည်း ကောင်းမြတ်တဲ့အကျင့်တွေနဲ့ အိမ်နီးချင်းချစ်ခြင်းအားဖြင့်၊
ဘုရားသခင်ရဲ့ဘုန်းတော်ကို ပြသနေကြပါတယ်။
“သင်တို့သည် သမ္မာတရားတော်ကို လိုက်လျှောက်ကျင့်သုံးကြခြင်းအားဖြင့်၊ မိမိတို့စိတ်နှလုံးကို သန့်စင်စေကြပြီးလျှင်၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အကယ်ပင်ချစ်ကြလေပြီ။ သို့ဖြစ်၍၊ သင်တို့အချင်းချင်းအား အစွမ်းရှိသမျှနှင့် ချစ်ကြလော့။” ခေတ်သုံးကျမ်းစာ ရှင်ပေတရုသြဝါဒစာပထမစောင် ၁:၂၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်