ကနဦးအသင်းတော်သည် အခက်အခဲများနှင့် နှိပ်စက်ညှဉ်းပန်းမှုကို ဝမ်းမြောက်စွာလက်ခံရန် ဘယ်အရာက လှုံ့ဆော်ပေးခဲ့သနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ ထာဝရကောင်းကင်အတွက် မျှော်လင့်ခြင်းအားဖြင့်၊ ဧကရာဇ်နီရိုရဲ့ဖိနှိပ်မှုနဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကိုလည်း ဝမ်းမြောက်ဝမ်းသာလက်ခံခဲ့တဲ့ ဘုရားသခင်၏အသင်းတော် သန့်ရှင်းသူတွေလိုမျိုး၊ ကျွန်ုပ်တို့လည်း ထာဝရအသက်တာအတွက် ကောင်းကင်ကောင်းချီးတွေကို စုဆောင်းရမှာဖြစ်ပါတယ်။
လောကီအလိုဆန္ဒတွေကို တန်ဖိုးထားပြီး ယာယီအသက်တာကို ရွေးချယ်ခဲ့တဲ့ ယုဒရှကာရုတ်လိုမျိုးမဟုတ်ဘဲ၊ တတိယကောင်းကင်ကို မြင်ပြီးတဲ့နောက် ကောင်းကင်ပန်းတိုင်ကို ဦးတည်ပြီးပြေးလွှားခဲ့တဲ့ တမန်တော်ပေါလုလိုမျိုး သေခြင်း၊ နာကျင်ခြင်းနဲ့ ဝမ်းနည်းခြင်းမရှိတော့တဲ့ ထာဝရကောင်းကင်အတွက် နေထိုင်တာဟာ ပညာရှိတဲ့အသက်တာဖြစ်ပါတယ်။
“အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။” ကောရိန်သုသြဝါဒစာဒုတိယစောင် ၄:၁၇-၁၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်