ဘုရားသခင်ဟာ ရေကိုကြည့်ပြီး ငါးကိုဖန်ဆင်းပြီးနောက်မှာ ရေထဲမှာပဲ အသက်ရှူစေခဲ့ပြီး မြေကြီးကိုကြည့်ပြီး သစ်ပင်ကိုဖန်ဆင်းပြီးနောက်မှာ မြေကြီးမှာ အမြစ်တွယ်နေတဲ့အချိန်ပဲ ရင့်မှည့်စေခဲ့ပြီးတော့ လူသားတွေကတော့ အဖေဘုရားသခင်နဲ့ အမေဘုရားသခင်က အချင်းချင်းကြည့်ပြီး ဖန်ဆင်းခဲ့ပြီးနောက်မှာ ဘုရားသခင်ထဲမှာပဲ လူသားတွေရှာဖွေနေတဲ့ ပျော်ရွှင်မှုနဲ့ ထာဝရအသက်ကောင်းချီးကို ရရှိစေခဲ့ပါတယ်။
ရှံဆုန်နဲ့ ရှောလုမင်းတို့ဟာ ဘုရားသခင်ဆီကနေစွန့်ခွာတဲ့အခါ နာကျင်စရာအဆုံးသတ်ကို ရင်ဆိုင်ခဲ့ကြရပေမဲ့ ဘုရားသခင်ထဲမှာ နာခံတဲ့ဘဝကိုနေထိုင်တဲ့အခါ အရာအားလုံးမှာ အောင်မြင်ခဲ့ကြသလိုမျိုး ဒီခေတ်မှာလည်း ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးအဖြစ် ကြွလာတဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ထဲမှာ တည်နေကြတဲ့အတွက် ဘုရားသခင်၏အသင်းတော် အသင်းဝင်တွေဟာ အမြဲ ပျော်ရွှင်ပြီး အောင်မြင်တဲ့ဘဝကို နေထိုင်နိုင်ပါတယ်။
တစ်ဖန်ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ . . .
ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊
ကမ္ဘာဦးကျမ်း ၁:၂၆-၂၇
ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏၊ ထိုသူသည် များစွာသောအသီးကို သီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။
ရှင်ယောဟန်ခရစ်ဝင် ၁၅:၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်