သက်ရှိအားလုံးဟာ သူတို့ရဲ့မိခင်တွေကနေတစ်ဆင့် အသက်ကိုရရှိကြပါတယ်။
ဘယ်လောက် သေးငယ်ပြီး အရေးမပါတဲ့ သတ္တဝါဖြစ်စေ၊ မိခင်ဟာ သားပေါက်အတွက် အသက်ကိုစတေးနိုင်တဲ့ ချစ်ခြင်းမေတ္တာရှိကြပါတယ်။
ဘုရားသခင်ဟာ ဘာကြောင့် အမေတွေဆီကနေ အသက်ကိုရရှိနိုင်အောင် ဖန်ဆင်းခဲ့တာပါလဲ။
ပြီးတော့ မိခင်တွေ၊ သေးငယ်တဲ့ သတ္တဝါတွေရဲ့မိခင်တွေမှာတောင် ဘာကြောင့် အားလုံးက မိခင်မေတ္တာ ရှိကြတာပါလဲ။
သူ့ရဲ့အလိုတော်အားဖြင့် အရာအားလုံးကို ဖန်ဆင်းခဲ့တဲ့ ဘုရားသခင်ဟာ ဒီမြေကြီးပေါ်က မွေးဖွားခြင်းနိယာမနဲ့ အမေဘုရားသခင်ရဲ့ မွန်မြတ်တဲ့စရိုက်ကနေတစ်ဆင့် ထာဝရအသက်ရရှိနိုင်တဲ့ နည်းလမ်းကို ကျွန်ုပ်တို့ဆီ ဖွင့်ပေးခဲ့ပါတယ်။
သက်ရှိအားလုံးဟာ မိခင်တွေဆီကနေ ရရှိတဲ့ သက်တမ်းအတိုင်းပဲ အသက်ရှင်နိုင်ပါတယ်။
ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ဝိညာဉ်ရေးရာ အမေကတစ်ဆင့် ထာဝရအသက်ကို ရရှိနိုင်ပါတယ်။
ဘာကြောင့်လဲဆိုရင်၊ ထာဝရအသက်ကို ပိုင်ဆိုင်တဲ့ အမေဘုရားသခင်ကပဲ ထာဝရအသက်ကို ပေးနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဒီခေတ်မှာ၊ ကျွန်ုပ်တို့ဟာ ထာဝရအသက်ကိုရရှိဖို့အတွက် အမေဘုရားသခင်ရဲ့သားသမီးတွေ ဖြစ်လာကြရမှာ ဖြစ်ပါတယ်။
အမေဘုရားသခင်ရှိတဲ့ ဘုရားသခင်၏အသင်းတော်ကို လာခဲ့ပါ!
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်