ဘုရားသခင်ဟာ အစကနေ အဆုံးထိ သိနေပါတယ်။
တစ်ကမ္ဘာလုံးကို ထိခိုက်တဲ့ မကြုံတွေ့ဖူးတဲ့ ဗိုင်းရပ်စ်နဲ့
ပုံမှန်မဟုတ်တဲ့ ရာသီဥတုတွေကနေတစ်ဆင့်၊
ဘုရားသခင်ဟာ မကြာခင်မှာရောက်လာမယ့် တရားစီရင်ရာနေ့အကြောင်းကို
သူ့သားသမီးတွေဆီ ကြိုတင်ပြီး သတိပေးနေပါတယ်။
သူဟာ ကျွန်ုပ်တို့ကို အခုအချိန်ဟာ အိပ်ငိုက်ခြင်းကနေ နိုးထပြီး၊
ယုံကြည်ခြင်းဆီကို ပြင်ဆင်ရမယ့်အချိန်ဖြစ်တယ်လို့ သင်ပေးထားပါတယ်။
ဒီနေ့ခေတ်၊ ဘေးဒဏ်တွေအများကြီးဖြစ်လာရတဲ့ အကြောင်းရင်းကိုသိပြီး
တရားစီရင်ရာနေ့မှာ ကယ်တင်ခြင်းခံရနိုင်ဖို့အတွက်၊
ခရစ်တော်အန်ဆန်ဟုန်းနဲ့ ကောင်းကင်အမေက ထုတ်ဖော်ပြသခဲ့တဲ့
ကျမ်းစာရဲ့ကြိုတင်ဟောစကားတွေကို နားလည်ရမှာဖြစ်ပါတယ်။
ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်ကို နာခံရင်း၊
နောင်တရတဲ့ ဘဝကို ရှင်သန်နေထိုင်ရင်းနဲ့
ကောင်းကင်နိုင်ငံဆီကို လျှောက်လှမ်းကြရမှာဖြစ်ပါတယ်
“သင်တို့သည် စစ်တိုက်ခြင်းအကြောင်း၊ ပုန်ကန်ခြင်းအကြောင်းကို သတင်းကြားရသောအခါ
စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်။ ထိုအမှုအရာများသည် အရင်ဖြစ်ရမည်။
သို့သော်လည်း အဆုံးသည် အလျင်အမြန်မဖြစ်သေး။
ထိုမှတစ်ပါး၊ လူတစ်မျိုးနှင့် တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။
အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊
ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။”
ရှင်လုကာခရစ်ဝင် ၂၁:၉-၁၁
“အဦးမှစ၍ အဆုံးတိုင်အောင်လည်းကောင်း၊
ရှေးကာလမှစ၍ မဖြစ်သေးသော အမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက်၊
ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်ဟု ဆိုလျက်၊”
ဟေရှာယအနာဂတ္တိကျမ်း ၄၆:၁၀
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်