ဘုရားသခင်ဟာ သူ့ရဲ့ပရောဖက်တွေဖြစ်တဲ့ ဇေဖနိ၊ မာလခိ၊ ပေတရုနဲ့ ယောဟန်တို့ကနေတစ်ဆင့်
ဒီနေ့ခေတ်မှာ ရောက်လာမယ့် စိတ်နှလုံးကြေကွဲဖွယ်ဘေးဒဏ်အကြောင်းကို
ကြိုတင်ဟောပြောထားခဲ့ပြီးပါပြီ။
ပြီးတော့ သူဟာ သန့်ရှင်းသောဝိညာဉ်တော်ခေတ်ရဲ့ ကယ်တင်ရှင်ဖြစ်တဲ့ ယေရှုခရစ်ရဲ့နာမသစ်၊
ခရစ်တော်အန်ဆန်ဟုန်းဆိုတဲ့နာမနဲ့ ဘုရားသခင်ရဲ့တံဆိပ်ကို လက်ခံတဲ့သူတွေပဲ
နောက်ဆုံးသောဘေးဒဏ်ကနေ လွတ်မြောက်နိုင်မယ်လို့ ကျွန်တော်တို့ကို ပြသထားပါတယ်။
ဓမ္မဟောင်းခေတ်မှာ ပသခါသိုးသငယ်ရဲ့အသွေးကို သူတို့ရဲ့အိမ်မှာ သုတ်လိမ်းထားတဲ့သူတွေပဲ
ဘေးဒဏ်ကနေ ကယ်တင်ခြင်းခံခဲ့ရပါတယ်။
ဒီနေ့ခေတ်မှာ ပသခါသိုးသငယ်အစစ်ဖြစ်တဲ့ ယေရှုခရစ်ရဲ့အသားနဲ့အသွေးကို
ကိုယ်စားပြုတဲ့ ပသခါမုန့်နဲ့ စပျစ်ရည်ကို စားသောက်တဲ့သူတွေပဲ
ဘုရားသခင်ရဲ့တံဆိပ်ကို လက်ခံရရှိနိုင်ပြီး နောက်ဆုံးဘေးဒဏ်ကနေ လွတ်မြောက်နိုင်ပါတယ်။
ဘုရားသခင်၏အသင်းတော်မိသားစုဝင်တွေဟာ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်
သင်ကြားပေးတဲ့ ပဋိညာဉ်တရားသစ်ပသခါပွဲကို စောင့်ပြီး၊ “ဘုရားသခင်က မတရားတဲ့သူတွေကို
တရားစီရင်ဖို့အတွက် ပြင်ဆင်ထားတဲ့ နောက်ဆုံးဘေးဒဏ်ကနေ ကယ်တင်ခြင်းခံရဖို့အတွက်
ဘုရားသခင်ရဲ့တံဆိပ်ကို လက်ခံကြပါ”ဆိုတဲ့ ကယ်တင်ခြင်းသတင်းကိုဟောပြောတဲ့ တာဝန်ကို
သစ္စာရှိရှိ လုပ်ဆောင်နေကြပါတယ်။
“သင့်အကျင့်တို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။
သင်ပြုမိသော ရွံရှာဘွယ်အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။
ငါထာဝရဘုရားသည် ဒဏ်ပေးကြောင်းကို သိရကြလိမ့်မည်။” ယေဇကျေလအနာဂတ္တိကျမ်း ၇:၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်