တည်ထောင်ခဲ့ပြီးတဲ့အသင်းတော်တွေက “မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည် (ဗျာ ၁:၇)” ဒီကြိုတင်ဟောစကားကို မှားယွင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုပြီးတော့ “ဒုတိယအကြိမ်ကြွလာတဲ့ခရစ်တော်က လူ့ဇာတိနဲ့မဟုတ်ဘဲ လူတိုင်းမြင်နိုင်တဲ့ သဘာဝလွန်ဖြစ်ရပ်တစ်ခုအဖြစ် ကြွလာမယ်”လို့ ပြောဆိုနေကြပေမယ့် ဟေရှာယအနာဂတ္တိကျမ်း ၄၀:၅ ထဲက “ထာဝရဘုရား၏ ဘုန်းတော်ပေါ်ထွန်း၍၊ လူအပေါင်းတို့သည် အတူမြင်ရကြလတ္တံ့”ဆိုတဲ့ ကြိုတင်ဟောစကားရဲ့အဓိပ္ပာယ်က မြေကြီးပေါ်က လူအားလုံးကို ဆိုလိုတာမဟုတ်သလိုမျိုး ဗျာဒိတ်ကျမ်း ၁:၇ က နှုတ်ကပတ်တော်ကလည်း မြေကြီးပေါ်က လူအားလုံးကို ဆိုလိုတာမဟုတ်ဘဲ ဘယ်သူမဆို မြင်နိုင်အောင် လူ့ဇာတိနဲ့ကြွလာမယ်ဆိုတဲ့ ကြိုတင်ဟောစကားဖြစ်ပါတယ်။
သူတို့ရဲ့ပြောဆိုမှုဟာ ကျမ်းစာကို အတင်းအကျပ် မှောက်လှန်တာဖြစ်ပြီး ကျမ်းစာကို နိုင်ထက်စီးနင်း အဓိပ္ပာယ်ပြန်ဆိုမယ်ဆိုရင် ပထမအကြိမ်မှာ ကယ်တင်ရှင်အဖြစ် ကြွလာတော်မူတဲ့ ခရစ်တော်ကို ငြင်းပယ်ခဲ့ကြတဲ့သူတွေလိုမျိုး နောက်ဆုံးမှာ ဖျက်ဆီးခြင်းခံရမှာဖြစ်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်