ငရဲဟာ ပူပြင်းတဲ့နာကျင်မှုကို ရုန်းကန်ရင်း
လက်ဖျားကနေ ရေတစ်စက်ရချင်ရင်တောင် မရနိုင်လောက်အောင်
ကြောက်စရာကောင်းတဲ့ နေရာဖြစ်ပါတယ်။(ရှင်လုကာခရစ်ဝင် ၁၆:၂၄)
ကျွန်ုပ်တို့ရဲ့လက်၊ ခြေ ဒါမှမဟုတ် မျက်လုံးက အပြစ်ဖြစ်စေရင်
ငရဲကိုသွားတာထက် အဲဒါကိုဖြတ်ပစ်ပြီး နုတ်ပစ်တာ ပိုကောင်းတယ်လို့
ယေရှုခရစ်က မိန့်တော်မူခဲ့ပါတယ်။
(ရှင်မာကုခရစ်ဝင် ၉:၄၃)
ငရဲရဲ့ဒုက္ခဝေဒနာဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းကို ဖြတ်တောက်တဲ့
ဝေဒနာနဲ့ နှိုင်းယှဉ်လို့မရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
“ငရဲမီးသည် ပိုးမသေ၊ မီးမငြိမ်းရာဖြစ်၏။” မာ ၉:၄၈
“ယဇ်ကောင်ရှိသမျှတို့၌ ဆားခတ်ရသကဲ့သို့ ခပ်သိမ်းသောသူတို့သည်
မီးဆားခတ်ခြင်းကို ခံရကြမည်။” ရှင်မာကုခရစ်ဝင် ၉:၄၉
ငရဲရဲ့ပြစ်ဒဏ်ဟာ အလွန်အမင်းနာကျင်ရပေမယ့်လည်း
ကျွန်ုပ်တို့ကိုယ့်ကိုယ်ကိုယ် မသေစေနိုင်ပါဘူး။
ငရဲမှာ ဘဝရဲ့ရွှင်လန်းမှု၊ အနားယူဖို့အခိုက်အတန့်နဲ့
ကယ်တင်ခြင်းမျှော်လင့်ချက် လုံးဝမရှိဘဲ၊
ကြီးမားတဲ့နာကျင်မှု၊ နောင်တနဲ့ဝမ်းနည်းခြင်းပဲ ရှိပါတယ်။
ဧဝံဂေလိကိုကြားပြီးနောက် ကျွန်ုပ်တို့နောင်တမရရင် ဘာကြောင့် ငရဲကိုသွားရတာပါလဲ။
ဒီကမ္ဘာမြေကြီးပေါ်မှာ မမွေးဖွားခင်၊
ကျွန်ုပ်တို့ဟာ ကောင်းကင်တမန်တွေ ဖြစ်ခဲ့ကြပါတယ်။ (ယောဘ ၃၈:၄-၂၁)
ဒါပေမဲ့၊ ကျွန်ုပ်တို့ဟာ ကောင်းကင်မှာ အပြစ်ကျူးလွန်ခဲ့ပြီး ငရဲသွားဖို့စီရင်ခံရပြီးနောက်
ဝိညာဉ်ရေးထောင်ဖြစ်တဲ့ ကမ္ဘာမှာ မွေးဖွားလာခဲ့ပြီး ခေတ္တနေထိုင်နေကြပါတယ်။
(ယေဇကျေလအနာဂတ္တိကျမ်း ၂၈:၁၃-၁၇)
ကျွန်ုပ်တို့ဟာ ဒီကမ္ဘာမြေပေါ်မှာ ငရဲဒဏ်ကိုရှောင်ဖို့ နည်းလမ်းမရှာဘူးဆိုရင်၊
ရွေးချယ်စရာမရှိဘဲ ငရဲကိုသွားဖို့ စီရင်ခံရမှာဖြစ်ပါတယ်။
“ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။
ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ်မည်နည်း။" ရောမသြဝါဒစာ ၇:၂၄
ဘုရားသခင်ဟာ ငရဲပြစ်ဒဏ်ကိုခံယူဖို့ သတ်မှတ်ထားတဲ့လူသားတွေကို
သနားတော်မူပြီး ငရဲဒဏ်ကိုရှောင်ဖို့လမ်းကို ပြသပေးဖို့
သူကိုယ်တိုင် ဒီကမ္ဘာမြေကိုကြွလာခဲ့ပါတယ်။
“ဆိုးသောသူတို့ကို ခေါ်ခြင်းငှာ
ငါလာသတည်းဟု မိန့်တော်မူ၏။” ရှင်လုကာခရစ်ဝင် ၅:၃၂
သေခြင်းကိုဦးတည်စေတဲ့ ကျွန်ုပ်တို့ရဲ့အပြစ်တွေကို ခွင့်လွှတ်ဖို့နဲ့
ငရဲ ပြစ်ဒဏ်ကနေ ကယ်တင်ဖို့အတွက်
ဘုရားသခင်ဟာ လူသားတွေအတွက် ရွေးနုတ်ဖိုးအဖြစ်
သူ့ရဲ့အသွေးအသားကို ပေးခဲ့ပါတယ်။
“ယူ၍စားကြလော့။ ပသခါပွဲ မုန့်သည် ငါ့ကိုယ်ဖြစ်၏။” ရှင်မဿဲခရစ်ဝင် ၂၆:၂၆
“(ပသခါစပျစ်ရည်ကား) ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို
လွတ်စေခြင်းငှာ သွန်းသော ငါ၏အသွေးဖြစ်၏။” ရှင်မဿဲခရစ်ဝင် ၂၆:၂၈
ပဋိညာဉ်တရားသစ်ပသခါကို စောင့်တဲ့အခါ၊ ကျွန်ုပ်တို့ဟာ အပြစ်ခွင့်လွှတ်ခြင်းနဲ့
ငရဲပြစ်ဒဏ်ကနေ ကယ်တင်ခြင်းရရှိတဲ့ ကောင်းချီးကိုခံရပါတယ်။
ဒီ့အပြင်၊ ကျွန်ုပ်တို့ဟာ ထာဝရအသက်ကို ရရှိနိုင်ပြီး
ကောင်းကင်ကို ပြန်သွားနိုင်ပါတယ်။
“ငါ့အသားကိုစား၍ ငါ့အသွေးကိုသောက်သောသူသည် ထာဝရအသက်ကိုရ၏။
နောက်ဆုံးသောနေ့၌ ထိုသူကို ငါထမြောက်စေမည်။” ရှင်ယောဟန်ခရစ်ဝင် ၆:၅၄
ဒါပေမဲ့၊ “ပသခါပွဲ အားဖြင့် အပြစ်ခွင့်လွှတ်ခြင်းနဲ့ ထာဝရအသက်ကို ခံယူပါ”ဆိုတဲ့
သတင်းစကားကို ကျွန်ုပ်တို့ ငြင်းပယ်မယ်ဆိုရင်၊
ကောင်းကင်မှာ ကျွန်ုပ်တို့ကျူးလွန်ခဲ့တဲ့အပြစ်တွေကို ခွင့်လွှတ်မခံရနိုင်ဘဲ၊
ကျွန်ုပ်တို့ရဲ့ကံကြမ္မာအတိုင်း ငရဲပြစ်ဒဏ်ကို ခံရမှာဖြစ်ပါတယ်။
“ငါသည် အသေမခံမီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှာ အလွန်အလိုရှိလေပြီ။” ရှင်လုကာခရစ်ဝင် ၂၂:၁၅
အပြစ်ခွင့်လွှတ်ခြင်းရဲ့ လက္ခဏာအဖြစ် ဘုရားသခင်ခွင့်ပြုထားတဲ့
ပဋိညာဉ်တရားသစ်ပသခါပွဲကို စောင့်ပြီး ကောင်းကင်ကို ပြန်သွားကြပါစို့။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်