ဒီနေ့ခေတ်မှာ အသင်းတော်များစွာဟာ ပင်တေကုတ္တေပွဲကို စောင့်ပြီး ပင်တေကုတ္တေပွဲမှာ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခဲ့တယ်လို့ ပြောကြပါတယ်။
ဒါပေမဲ့ ဘုရားသခင်ခန့်အပ်ထားတဲ့နေ့မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ပင်တေကုတ္တေပွဲကို ကျင်းပမှပဲ ပင်တေကုတ္တေပွဲမှာ ကတိပြုထားတဲ့ သန့်ရှင်းသောဝိညာဉ်တော်ကောင်းချီးကို ရရှိနိုင်ပါတယ်။
ပင်တေကုတ္တေပွဲနေ့ဟာ အဦးသီးသောအသီးပွဲ (ထမြောက်ပွဲ)နေ့ပြီးနောက် ရက် (၅၀)မြောက်နေ့ ဖြစ်ပါတယ်။
ယေရှုခရစ်ရဲ့ နှုတ်ကပတ်တော်အရ၊ တပည့်တော်တွေဟာ ချီဆောင်ရာနေ့ကနေ ဆယ်ရက်ကြာ မာကုရဲ့အထက်ခန်းမှာ ဆုတောင်းခဲ့ပြီးတော့ ပင်တေကုတ္တေပွဲကို စောင့်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခဲ့ကြပါတယ်။
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်းဟာ ယေရှုခရစ်ရဲ့နှုတ်ကပတ်တော်အတိုင်း ပင်တေကုတ္တေပွဲကို စောင့်ခြင်းအားဖြင့် ကျမ်းစာထဲမှာ ကြိုတင်ဟောကြားထားတဲ့ သန့်ရှင်းသောဝိညာဉ်တော်ကောင်းချီးကို ရရှိတဲ့ တစ်ခုတည်းသော အသင်းတော်ဖြစ်ပါတယ်။
ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်း စည်းဝေး၍နေကြ၏။ ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တစ်ခဏချင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့ နေထိုင်သောအိမ်ကို ဖြည့်လေ၏။
ထိုခဏချင်းတွင် ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးအသီးတို့အပေါ်၌ တည်နေကြ၏။
ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။
တမန်တော်ဝတ္ထု ၂:၁-၄
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်