ကျမ်းစာတစ်အုပ်လုံးမှာ သက်သေပြုထားပေမယ့်လည်း၊ လူတချို့ဟာ အဖေဘုရားသခင်နဲ့ အမေဘုရားသခင်ကို မယုံကြည်ကြဘဲ၊ ဘုရားသခင်ကို 'အဖေ'လို့ ခေါ်နေပေမယ့်၊ ဘုရားသခင်ရဲ့အသားနဲ့အသွေးကို အမွေဆက်ခံနိုင်တဲ့ နည်းလမ်းဖြစ်တဲ့ ပဋိညာဉ်တရားသစ်ပသခါပွဲကို မစောင့်ဘူးဆိုရင် နောက်ဆုံးမှာ ဘုရားသခင်နဲ့ စပ်ဆိုင်မှုမရှိတဲ့သူဖြစ်သွားမှာဖြစ်ပါတယ်။
ဘုရားသခင်ဟာ “သင်တို့၏အဘ ဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီး ဖြစ်ကြလိမ့်မည်”လို့ မိန့်တော်မူခဲ့ပြီး၊ မိသားစုစနစ်ရဲ့အခေါ်အဝေါ်ကတစ်ဆင့် လူသားတွေဟာ ဝိညာဏ ကောင်းကင်မိသားစုဖြစ်တယ်ဆိုတာကို သိစေတော်မူခဲ့ပါတယ်။ ဒါကြောင့် ဘုရားသခင်၏အသင်းတော်ဟာ ကောင်းကင်မိသားစုအနေနဲ့ အဖေဘုရားသခင်နဲ့ အမေဘုရားသခင်ကို ယုံကြည်ပြီး၊ သန့်ရှင်းသူတွေဟာ ညီအစ်ကိုမောင်နှမတွေအဖြစ် အချင်းချင်း ချစ်ကြပြီး၊ ယုံကြည်ခြင်းလမ်းကို လျှောက်လှမ်းကြပါတယ်။
ထိုကြောင့်၊ . . . သင်တို့ကို ငါသည် လက်ခံမည်။
သင်တို့၏အဘ ဖြစ်မည်။
သင်တို့သည်လည်း ငါ၏သားသမီး ဖြစ်ကြလိမ့်မည်ဟု
အနန္တတန်ခိုးနှင့် ပြည့်စုံသောထာဝရဘုရား မိန့်တော်မူ၏။
ကောရိန်သုသြဝါဒစာဒုတိယစောင် ၆:၁၇-၁၈
အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊
ခပ်သိမ်းသော ငါတို့၏ အမိတည်းဟူသော
ကျွန်မ မဟုတ်သော မိန်းမဖြစ်သတည်း။
ဂလာတိသြဝါဒစာ ၄:၂၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်