အာဒံနဲ့ ဧဝဟာ ကောင်းမကောင်းသိကျွမ်းရာအပင်ရဲ့အသီးကိုစားပြီး သေဆုံးခြင်း၊ ယေရှုခရစ်ရဲ့လက်ယာဘက်က ဓားပြက ကယ်တင်ခြင်းခံခဲ့ရတာနဲ့၊ မျက်မမြင်နှစ်ဦးရဲ့မျက်စိကပွင့်သွားခြင်း၊ ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲနေတဲ့အမျိုးသမီးက သက်သာခဲ့တာနဲ့၊ ပသခါပွဲ မုန့်နဲ့ စပျစ်ရည်အားဖြင့် ယေရှုခရစ်ရဲ့ အသားနဲ့အသွေးကို စားသောက်တဲ့သူတွေဆီ ထာဝရအသက်ကို လက်ဆောင်အဖြစ်ပေးမယ်ဆိုတဲ့ ကတိတော်လည်း ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကနေ ထွက်လာတဲ့ တန်ခိုး ဖြစ်ပါတယ်။
သားတော်ခေတ်၊ သကေနေပွဲ နောက်ဆုံးနေ့မှာ ယေရှုခရစ်ဆီလာတဲ့သူတွေကို ယေရှုခရစ်တစ်ပါးတည်းက အသက်ရေကိုပေးခဲ့ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးအဖြစ် ကြွလာတဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဆီလာတဲ့သူတွေဆီ အသက်ရေ တစ်နည်းအားဖြင့် ဘုရားသခင်ရဲ့နှုတ်ကပတ်တော် တန်ခိုးတော်အားဖြင့် အရာအားလုံးကို အောင်မြင်နိုင်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူပါတယ်။
“ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတ္တံ့သောဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။”
ရှင်ယောဟန်ခရစ်ဝင် ၇:၃၇-၃၉
“ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟု ဆိုကြ၏။ ကြားသောသူကလည်း၊ လာခဲ့ပါဟုဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။”
ဗျာဒိတ်ကျမ်း ၂၂:၁၇
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်