လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းက ယေရှုခရစ်ဟာ အမှန်တရားစပါးမျိုးစေ့ကို
ကြဲခဲ့ပေမဲ့၊ စာတန်ကတော့ တစ်ကမ္ဘာလုံးကို ပျက်စီးစေတဲ့ တောမျိုးစေ့တွေကို
ကြဲပြီး တစ်ကမ္ဘာလုံးကို လှည့်ဖြားနေပါတယ်။
တောပင်နဲ့ စပါးပင်တွေ နှစ်မျိုးစလုံးဟာ ကပ်ကာလအဆုံးအထိ
အတူတူ ကြီးထွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ စပါးရိတ်တဲ့အချိန်မှာ တောပင်တွေဟာ
မီးထဲကို ပစ်ချခြင်းခံရမှာပဲ ဖြစ်ပါတယ်။
မှားယွင်းတဲ့အရာတွေကို တမန်တော်ခေတ်နောက်ပိုင်းမှာ ကြဲခဲ့တဲ့အတွက်
ကျွန်ုပ်တို့ဟာ တမန်တော်ခေတ်က အမှန်တရားတွေဖြစ်တဲ့
ဥပုသ်နေ့နဲ့ ပသခါစတဲ့ ပဋိညာဉ်တရားသစ်ပွဲတော်တွေကို ရှာတွေ့ပြီး စောင့်မှပဲ၊
စပါးပင်တွေဖြစ်လာပြီး၊ ထာဝရကောင်းကင်စပါးကျီထဲကို ဝင်နိုင်မှာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ဟာ လူ့ရဲ့အသိပညာနဲ့ စာတန်ရဲ့ ပရိယာယ်ထောင်ချောက်ကို
မခွဲခြားနိုင်တဲ့အတွက်၊ ဒါဝိဒ်ရဲ့အမြစ်အဖြစ်ကြွလာခဲ့တဲ့ ဘုရားသခင်ကို
တွေ့ဆုံမှပဲ အမှန်တရားကို ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။
ဘုရားသခင်၏အသင်းတော်မှာ တမန်တော်ခေတ်က အမှန်တရားတွေဖြစ်တဲ့
ဥပုသ်နေ့နဲ့ ပသခါလိုမျိုးအမှန်တရားတွေကို ဒီနေ့ခေတ်မှာ စောင့်နိုင်တာဟာ
ခရစ်တော်အန်ဆန်ဟုန်းက ဒါဝိဒ်ရဲ့အမြစ်အဖြစ်ကြွလာပြီး၊ အမှန်တရားတွေ
အားလုံးကို ပြန်တည်ထောင်ပေးခဲ့တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
“ထိုစာစောင်ကို ဖွင့်၍ကြည့်ထိုက်သောသူ တယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့် ငါသည်များစွာငိုကြွေးလေ၏။ ... ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ်ခုနစ်ချက်တို့ကို၎င်း ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကိုပြောဆို၏။” ဗျာဒိတ်ကျမ်း ၅:၄-၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်