လူသားတွေဟာ ကောင်းကင်အပြစ်သားတွေဖြစ်တဲ့အတွက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို (၁၀၀)%နားမလည်နိုင်သလို၊ စကြဝဠာကို စီမံခန့်ခွဲတဲ့ ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့ ဉာဏ်ပညာနဲ့ လူသားတွေရဲ့အသိဉာဏ်ကို နှိုင်းယှဉ်လို့မရပါဘူး။ ဒါဝိဒ်နဲ့ ယောရှုလိုမျိုး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မှန်ကန်တယ်လို့ အသိအမှတ်ပြုတဲ့သူတွေဟာ ကောင်းချီးရရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့၊ အာခန်နဲ့ ရှောလုလိုမျိုး ကိုယ်ပိုင်အတွေးကြောင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မလိုက်နာဘူးဆိုရင် ဖျက်ဆီးခြင်းခံရမှာ ဖြစ်ပါတယ်။
ဒါဝိဒ်နဲ့အတူရှိခဲ့ပြီး၊ ယောရှုနဲ့ အတူရှိခဲ့တဲ့ အန်ဆန်ဟုန်းဘုရားသခင်နဲ့ အမေဘုရားသခင်ဟာ လူမျိုးတကာတို့ကို တပည့်ဖြစ်စေပြီး ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ နာမနဲ့ ဗတ္တိဇံပေးပြီးတော့၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို လိုက်နာတဲ့သူတွေရှိတဲ့နေရာမှာ အမြဲအတူရှိမယ်လို့ ကတိပြုပေးခဲ့ပါတယ်။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။ မိုးကောင်းကင်သည် မြေကြီးထက်သာ၍ မြင့်သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏။
ဟေရှာယအနာဂတ္တိကျမ်း ၅၅:၈-၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်