ဘုရားသခင်ဟာ လောကရဲ့အလင်းနဲ့ ဆားဖြစ်ရမယ့်
ခရစ်ယာန်တစ်ဦးရဲ့အသက်တာနဲ့ပတ်သက်ပြီး
“စိတ်တန်းသဖြင့် သခင်ဘုရား၏အလိုတော်သို့ လိုက်၍
အားထုတ်ကြလော့။ မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။
ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့။
ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြုကြလော့။
သန့်ရှင်းသူတို့သည် ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့။
အာဂန္တုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား၍ပြုကြလော့။
ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စုံမက်ကြလော့။
ချီးမွမ်းခြင်းအရာမှာ၊ သူတစ်ပါးကို ကိုယ်ထက်
ချီးမြှောက်ကြလော့”လို့ မိန့်တော်မူခဲ့ပါတယ်။
ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဟာ
ဘုရားသခင်ပေးတဲ့ အပြစ်ခွင့်လွှတ်ခြင်းနဲ့
ကယ်တင်ခြင်းရဲ့ကျေးဇူးတော်ကို သိမြင်ပြီး ပြန်ဝေငှပေးတဲ့
အသက်တာကို ပညတ်တရားရဲ့ပြည့်စုံခြင်းလို့ မိန့်တော်မူခဲ့ပါတယ်။
စစ်မှန်တဲ့ခရစ်ယာန်တွေဟာ စိတ်နှလုံး တညီတညွတ်တည်းနဲ့
ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို လက်တွေ့ကျင့်ဆောင်ရမှာ
ဖြစ်ပါတယ်။
ညီအစ်ကိုတို့၊...ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊
သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။
...သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။
ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊
စုံလင်သောအရာတည်းဟူသော ဘုရားသခင်
အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို
သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍
ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
ရောမသြဝါဒစာ ၁၂:၁-၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်