ဘုရားသခင်ဟာ သဲကန္တာရမှာ ဣသရေလလူမျိုးတွေရဲ့စိတ်နှလုံးကို
အနှစ် (၄၀)ကြာအောင် စစ်ကြောစုံစမ်းခဲ့သလို၊ ကျွန်တော်တို့အတွက်
“ဒါကို ငါတကယ်လိုက်လျှောက်နိုင်မလား”လို့ တွေးလောက်တဲ့
နာခံဖို့ ခက်ခဲတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရှိပါတယ်။
ဒါပေမဲ့ သူဟာ ကျွန်တော်တို့ကို သူ့ရဲ့နှုတ်ကပတ်တော်ကို
နာခံစေခြင်းအားဖြင့် ရွှေစင်လို စစ်ကြောစုံစမ်းပြီးတော့၊
နောက်ဆုံးမှာ ဘုရားသခင်ရဲ့သားသမီးတွေအဖြစ်
ပြန်လည်မွေးဖွားစေခြင်းအားဖြင့်၊ ကျွန်တော်တို့ဆီ
ကောင်းကင်ကောင်းချီးကို ပေးတော်မူပါတယ်။
(၁၉၁၃)ခုနှစ်မှာ အမေရိကန်မှာ ထုတ်ဝေခဲ့တဲ့
‘ပိုလီအန်နာ(Pollyanna)’ဆိုတဲ့ ဝတ္တုထဲမှာ ပိုလီအန်နာဟာ
‘ပျော်ရွှင်မှုဂိမ်း’ကနေတစ်ဆင့် ပျော်ရွှင်မှုကို
သူ့ရဲ့ပတ်ဝန်းကျင်အထိတောင် ပျံ့နှံ့စေခဲ့ပါတယ်။
ဒီလိုပါပဲ၊ ဘုရားသခင်ရဲ့သားသမီးတွေဟာ
အဖေဘုရားသခင်နဲ့ အမေဘုရားသခင်သွန်းလောင်းပေးတဲ့
ခမ်းနားလှတဲ့ ကောင်းကင်ရဲ့ကောင်းချီးကို စဉ်းစားပြီး၊
အစဉ်မပြတ် ဝမ်းမြောက်ပြီး ကျေးဇူးတင်ကြရမှာ ဖြစ်ပါတယ်။
“အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။
မခြားမလပ် ဆုတောင်းပတ္ထနာပြုကြလော့။
အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။”
သက်သာလောနိတ်သြဝါဒစာပထမစောင် ၅:၁၆-၁၈
“ငွေစစ်စရာဖို့ မိုက်ကိုလည်းကောင်း၊ ရွှေစစ်စရာဖို့
မီးဖိုကိုလည်းကောင်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊
ထာဝရဘုရား စစ်တော်မူ၏။”
သုတ္တံကျမ်း ၁၇:၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်