အစကနေ အဆုံးကို သိမြင်တော်မူတဲ့ ဘုရားသခင်ဟာ
ကျမ်းစာထဲမှာ ဘာကိုမှ မပေါင်းထည့်ဘဲ၊ နုတ်ပယ်ခြင်းလည်း မလုပ်ဖို့
ကျွန်ုပ်တို့ကို တင်းတင်းကြပ်ကြပ် သတိပေးခဲ့ပါတယ်။ သမ္မာကျမ်းစာဟာ
ကျွန်ုပ်တို့ကို ဥပုသ်နေ့နဲ့ ပသခါလိုမျိုး ဘုရားသခင်ရဲ့ ပညတ်တော်တွေကိုစောင့်ဖို့
သင်ပေးသလိုပဲ၊ ခရစ်ယာန်တွေအနေနဲ့ ကျွန်ုပ်တို့ရဲ့ ဘဝကို လောကရဲ့
ဆားနဲ့အလင်းအဖြစ် နေထိုင်ဖို့လည်း သင်ပေးနေပါတယ်။
ဘုရားသခင်ဟာ ဣသရေလလူမျိုးတွေကို ခါနာန်ပြည်ကိုခေါ်သွားပြီး
ကောင်းချီးပေးခဲ့သလိုမျိုး၊ ဒီနေ့ခေတ်မှာလည်း ကျွန်ုပ်တို့ဟာ
အန်ဆန်ဟုန်းဘုရားသခင်နဲ့ ကောင်းကင်အမေရဲ့ သင်ကြားချက်အတိုင်း
ကျွန်ုပ်တို့ရဲ့ မိသားစု၊ အလုပ်နဲ့ အိမ်နီးချင်းတွေကြားမှာ ဘုရားသခင်ရဲ့
ဘုန်းတော်ကို ထင်ရှားစေမယ်ဆိုရင်၊ ခရစ်ယာန်တစ်ယောက်လိုမျိုး
နေထိုင်တယ်ဆိုတဲ့ သက်သေကိုရပြီး ကောင်းကင်ဝင်နိုင်တဲ့
ကောင်းချီးကို ခံကြရမှာဖြစ်ပါတယ်။
“ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်တို့ကိုမြင်၍၊
ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှါ၊
သူတပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။” ရှင်မဿဲခရစ်ဝင် ၅:၁၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်