ပုဇဉ်းလိပ်ပြာက တစ်ရက်ပဲရှင်သန်ပြီး၊ ခွေးက (၁၅)နှစ် ရှင်သန်ပြီးတော့ လူက အနှစ် (၁၀၀) ရှင်သန်တဲ့အကြောင်းရင်းဟာ သူတို့ရဲ့ မိခင်တွေဆီကနေ ဘဝသက်တမ်းကို အမွေဆက်ခံခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီလိုပါပဲ၊ ဒီလောကလူအားလုံးဟာ ထာဝရအသက်ကိုပိုင်ဆိုင်တဲ့ အမေဘုရားသခင်ကို တွေ့မှပဲ ထာဝရအသက်ကို ရရှိတဲ့ ကတိတော်ရဲ့သားသမီးဖြစ်နိုင်ပါတယ်။
သမ္မာကျမ်းစာဟာ အရိပ်ဖြစ်တဲ့ လောကီမိသားစုစနစ်ကတစ်ဆင့် ကောင်းကင်မိသားစုကို သင်ပေးခဲ့ပြီး၊ အာဒံနဲ့ ဧဝ၊ သိုးသငယ်နဲ့ ဇနီးကနေတစ်ဆင့် ကောင်းကင်အဖေနဲ့ အမေကို သိစေခဲ့ပါတယ်။ ထပ်ပြီးတော့ သမ္မာကျမ်းစာဟာ ယေရုရှလင်အဖြစ် ဖော်ပြထားတဲ့ အမေဘုရားသခင်ဆီမှာပဲ ထာဝရအသက်ရှိတယ်လို့ သွန်သင်ထားပါတယ်။
ငါတို့အား ပေးတော်မူသော ကတိတော်မူကား၊ ထာဝရအသက်ကို ဝန်ခံတော်မူသော ကတိတော်ပေတည်း။
ရှင်ယောဟန်သြဝါဒစာပထမစောင် ၂:၂၅
ကြီးမြင့်သောတောင်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကို ဆောင်သွား၍ သန့်ရှင်းသော ယေရုရှလင်မြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်စုံလျက်၊ ဘုရားသခင့် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အားပြလေ၏။
ဗျာဒိတ်ကျမ်း ၂၁:၁၀
အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသောငါတို့၏ အမိတည်းဟူသော ကျွန်မ မဟုတ်သော မိန်းမဖြစ်သတည်း။ ... ညီအစ်ကိုတို့၊ ငါတို့သည် ဣဇာက်ကဲ့သို့ ကတိတော်နှင့် စပ်ဆိုင်သောသားဖြစ်ကြ၏။
ဂလာတိသြဝါဒစာ ၄:၂၆-၂၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်