ကမ္ဘာပေါ်မှာရှိတဲ့ အသင်းတော်များစွာက သူတို့ရဲ့အယူဝါဒတွေက မှန်ကန်တယ်လို့ အသီးသီး ပြောဆိုနေကြပါတယ်။ အဲဒီထဲမှာ ဘုရားသခင်ရဲ့နိုင်ငံတော်ကို အမွေဆက်ခံနိုင်တဲ့ စစ်မှန်တဲ့အမှန်တရားအသင်းတော်က ဘယ်နေရာဖြစ်ပါသလဲ။ အာဗြဟံမိသားစုရဲ့ သမိုင်းကတစ်ဆင့် အမေဘုရားသခင်ရှိတဲ့ ဘုရားသခင်၏အသင်းတော်ပဲ ဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့အတည်ပြုနိုင်ပါတယ်။
အာဗြဟံရဲ့မိသားစုမှာ အမွေဆက်ခံသူအဖြစ် ကိုယ်စားလှယ်လောင်း သုံးယောက်ရှိခဲ့ပါတယ်။ ပထမက ကျွန်ဖြစ်တဲ့ ဧလျာဇာ၊ ဒုတိယက ဣရှမေလ၊ တတိယကတော့ ဣဇာက်ဖြစ်ပါတယ်။ ဒါပေမဲ့ သားဦးဖြစ်တဲ့ ဣရှမေလမဟုတ်ဘဲ၊ အငယ်ဆုံးဖြစ်တဲ့ ဣဇာက်က အာဗြဟံရဲ့အမွေခံ ဖြစ်လာနိုင်တဲ့အကြောင်းရင်းကတော့ သူ့ရဲ့အမေဖြစ်တဲ့ လွတ်လပ်တဲ့မိန်းမ စာရာကြောင့်ပါပဲ။
အာဗြဟံမိသားစုရဲ့ သမိုင်းဟာ ကောင်းကင်နိုင်ငံရဲ့စနစ်ကို ပုံဆောင်ထားပါတယ်။ ဒီနေ့ခေတ်မှာ အသင်းတော်များစွာရှိပေမယ့်၊ လွတ်လပ်တဲ့မိန်းမဖြစ်တဲ့ အမေဘုရားသခင်ကို ယုံကြည်ပြီး နောက်တော်ကိုလိုက်တဲ့ ဘုရားသခင်၏အသင်းတော်ကပဲ ဣဇာက်လိုမျိုး ဘုရားသခင်ရဲ့အမွေခံ ဖြစ်နိုင်ပါတယ်။
အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသော ငါတို့၏အမိတည်းဟူသော ကျွန်မမဟုတ်သော မိန်းမဖြစ်သတည်း။ ဂလာတိသြဝါဒစာ ၄:၂၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်