ကောင်းကင်သန့်ရှင်းရာဌာနရဲ့ပုံစံတူအဖြစ် မောရှေတည်ဆောက်ခဲ့တဲ့ သန့်ရှင်းရာဌာနနဲ့ ကုလားကာဟာ ယေရှုခရစ်တော်ကို ကိုယ်စားပြုပြီး၊ အလွန်သန့်ရှင်းရာဌာနဟာ ကောင်းကင်ယေရုရှလင် အမေကို ကိုယ်စားပြုပါတယ်။ ဘုရားသခင်ဟာ သန့်ရှင်းရာဌာနကတစ်ဆင့် အဖေဘုရားသခင်နဲ့ အမေဘုရားသခင်ကို သိမြင်ခွင့်ပေးတော်မူခဲ့ပါတယ်။
ဗိမာန်တော်ကနေ စီးဆင်းလာတဲ့ အသက်ရေအားဖြင့် လူသားတွေဟာ အသက်ကိုရရှိနိုင်တယ်လို့ ပရောဖက်တွေက သက်သေခံခဲ့ကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀) တုန်းက၊ ဗိမာန်တော်ဖြစ်တဲ့ ယေရှုခရစ်တော်ဟာ သကေနေပွဲ နောက်ဆုံးနေ့မှာ အသက်ရေကိုခံယူဖို့ ကြွေးကြော်တော်မူခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ သန့်ရှင်းရာဌာနနဲ့ အလွန်သန့်ရှင်းရာဌာနရဲ့ အစစ်အမှန်ဖြစ်တော်မူတဲ့ ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးဟာ ဒီမြေကြီးကိုကြွလာပြီး အသက်ရေအားဖြင့် လူသားတွေကို ကယ်တင်ခြင်းပေးမယ့်အကြောင်း ကျမ်းစာထဲမှာ ကြိုတင်ဟောပြောထားပါတယ်။
ယုဒလူတို့က၊ အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ရကြ၏။ သင်မူကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ၏။ ထိုသို့မိန့်တော်မူရာ၌ မိမိကိုယ်တည်းဟူသော ဗိမာန်ကိုအမှတ်ပြု၍ မိန့်တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် ၂:၂၀-၂၁
ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟု ဆိုကြ၏။ ကြားသောသူကလည်း၊ လာခဲ့ပါဟုဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။
ဗျာဒိတ်ကျမ်း ၂၂:၁၇
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်