ကျွန်တော်ဟာ သင်းအုပ်ဆရာမိသားစုကနေ ကြီးပြင်းလာခဲ့ပါတယ်။
ကျွန်တော့်အဖေက သင်းအုပ်ဆရာဖြစ်ပြီး ကျွန်တော့်အဘိုး၊ ကျွန်တော့်အဘိုးရဲ့အဖေ၊ အဘိုးရဲ့အဘိုး၊ သူတို့အားလုံးဟာ သင်းအုပ်ဆရာတွေ ဒါမှမဟုတ် ဓမ္မဆရာတွေ ဖြစ်ကြပါတယ်။
ဒါကြောင့် ငယ်ငယ်ကတည်းက ကျမ်းစာနဲ့ မကြာခဏ ထိတွေ့ခွင့်ရခဲ့ပြီး၊ ဘုရားကျောင်းတက်ပြီးတော့ အိပ်ရာမဝင်ခင်မှာ ဆုတောင်းရင်း ကြီးပြင်းလာခဲ့ရပြီး၊ ကျွန်တော့်အရွယ်တခြားလူတွေနဲ့ယှဉ်ရင် ကျွန်တော့်ဘဝရဲ့အများစုက ဘုရားသခင်နဲ့ ဝိညာဉ်ရေးချိတ်ဆက်မှု ပိုရှိတယ်လို့ ခံစားခဲ့ရပါတယ်။
ဒါပေမဲ့ တက္ကသိုလ်ရောက်တော့၊ ကျွန်တော်ကြီးပြင်းလာခဲ့ရတဲ့ ဘာသာရေးယုံကြည်ချက်တွေက မှန်ကန်သလား၊ ဓလေ့ထုံးတမ်းတွေပဲလားဆိုပြီး မေးခွန်းထုတ်လာခဲ့ပါတယ်။
အဲဒါအတွက် အဖြေကို ရှာနေတုန်းမှာ၊ ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေဆီကနေ ကျမ်းစာလေ့လာဖို့ ဖိတ်ခေါ်ခံခဲ့ရပါတယ်။
ပြီးတော့ ကျမ်းစာလေ့လာနေရင်းနဲ့ ကျမ်းစာထဲကနေ သူတို့ ကျွန်တော့်ကိုပြခဲ့တဲ့အရာတွေကြောင့် တကယ်ကိုအံ့သြခဲ့ရပါတယ်။
ဒါကြောင့် ဘုရားသခင်၏အသင်းတော်မှာ သင်ကြားပေးတဲ့အရာတွေက တရားဝင်ဖြစ်ပြီး၊ အမှန်တရားပဲဆိုတာကို ကျွန်တော် တကယ်မြင်နိုင်ခဲ့ပါတယ်။
ဘုရားသခင်၏အသင်းတော်ရဲ့ အထိမိဆုံးအမှန်တရားဟာ အမေဘုရားသခင် ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ အသင်းတော်ကို အမြဲတမ်းသွားပြီး အဖေဘုရားသခင်ကို ယုံကြည်ခဲ့ကြပေမယ့်၊ သမ္မာကျမ်းစာထဲမှာ အမေဘုရားသခင်အကြောင်းကို သက်သေပြုထားတဲ့အတွက် အဲဒါဟာ မျက်စိကိုပွင့်စေခဲ့ပါတယ်။
ပြီးတော့ သိုးသငယ်ရဲ့ဇနီး၊ မင်္ဂလာဆောင်သတို့သမီးဖြစ်တဲ့ အသစ်သောယေရုရှလင်ဟာ ကောင်းကင်အမေဖြစ်တယ်ဆိုတာကို လေ့လာခဲ့ရတဲ့အခါက၊ သူ့ကို “ငါတို့ပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့”လို့ ဘုရားသခင်မိန့်တော်မူခဲ့တဲ့ ကမ္ဘာဦးကျမ်းရဲ့အစကနေ သက်သေပြုထားခဲ့တာကို သိရလို့လည်း အံ့သြခဲ့ရပါတယ်။
ကျမ်းစာလေ့လာတဲ့အခါ အမေဘုရားသခင်ကို ယုံကြည်ခြင်းဟာ ကျွန်တော့်အတွက် လွယ်ကူခဲ့ပေမယ့်၊ အမေဘုရားသခင်က လူ့ဇာတိနဲ့ကြွလာတယ်ဆိုတာကို ယုံကြည်ဖို့ နည်းနည်းခက်ခဲခဲ့ပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာအဲဒါကို နားလည်နိုင်ခဲ့တဲ့နည်းလမ်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)က ယေရှုခရစ်မှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ပြန်ကြည့်ခြင်းအားဖြင့် ဖြစ်တယ်လို့ထင်ပါတယ်။
ဒါဟာ ယေရှုခရစ်နဲ့ပတ်သက်တဲ့ ကြိုတင်ဟောစကားတွေက မရှင်းလင်းခဲ့လို့မဟုတ်ဘဲ၊ ဘာသာရေးခေါင်းဆောင်တွေက သူတို့လေ့လာခဲ့ပြီး နားလည်ခဲ့တဲ့အရာတွေအပေါ် အရမ်းသေချာခဲ့ကြလို့ပဲ ဖြစ်ပါတယ်။
ဒီအရာကတစ်ဆင့်၊ ကျွန်တော်ဟာ လူ့ဇာတိနဲ့ကြွလာတဲ့ ကောင်းကင်အမေကို လက်ခံဖို့အတွက်၊ ကျွန်တော့်ရဲ့ ပုံသေအတွေးအခေါ် တွေ၊ ခံယူချက်တွေနဲ့ ယူဆချက်တွေအားဖြင့် အမေဘုရားသခင်ကို ယုံကြည်ဖို့ မချဉ်းကပ်ရဘူးဆိုတာကို နားလည်နိုင်ခဲ့ပါတယ်။
ကျွန်တော်ဟာ သမ္မာကျမ်းစာရဲ့ ကြိုတင်ဟောစကားအားဖြင့်ပဲ ကောင်းကင်အမေကို မြင်ပြီး၊ ယုံကြည်ဖို့ လိုအပ်ပါတယ်။
တကယ်လို့ အမေဘုရားသခင်ကို လက်ခံဖို့ ခက်ခဲတဲ့သူတွေရှိတယ်ဆိုရင်၊ သူတို့ပတ်ဝန်းကျင်က အရာခပ်သိမ်းကို ကြည့်ခြင်းအားဖြင့်၊ အမေဘုရားသခင်ကို စတင်နားလည်ဖို့ ကျွန်တော်ပြောချင်ပါတယ်။
အကြောင်းရင်းကတော့ အဖေပဲရှိတာမဟုတ်ဘဲ ကျွန်တော်တို့ကို ထာဝရအသက်ပေးတဲ့ အမေရှိတယ်ဆိုတာကို ဘုရားသခင်က ကျွန်တော်တို့ကို ပြသချင်တဲ့အတွက် ဖြစ်ပါတယ်။
ဒါပေမဲ့ အမှန်တရားကို လက်ခံပြီး ဘုရားသခင်ရဲ့ပညတ်တော်တွေကို သင်ယူပြီးတဲ့နောက်မှာ၊ ဘုရားသခင်ကို နာခံပြီး ဘုရားသခင်ရဲ့ သားသမီးအဖြစ် ထိုက်တန်တဲ့ဘဝကို နေထိုင်ပြီးတော့ ကောင်းကင်ကို ဝင်နိုင်တဲ့အတွက် ယုံကြည်မှုအပြည့်နဲ့ ပျော်ရွှင်ပြီး ငြိမ်းချမ်းမှုကိုခံစားခဲ့ရပါတယ်။
ဘုရားသခင်၏အသင်းတော်ကို လာဖို့ စဉ်းစားနေတဲ့သူရှိတယ်ဆိုရင်၊ ကျမ်းစာကိုလေ့လာဖို့ အခွင့်အရေးရတဲ့အချိန်တိုင်း လာခဲ့ဖို့ အကြံပြုချင်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်