ပညတ်မဲ့ပြုမူတဲ့သူကို အဓမ္မအမှုကို ပြုတဲ့သူလို့ သင်ပေးထားပြီး၊
ဘုရားသခင်ရဲ့ ပညတ်ဖြစ်တဲ့ ပဋိညာဉ်တရားသစ်လမ်းကို လိုက်လျှောက်မှ ဖြောင့်မတ်တဲ့သူအဖြစ် တစ်ဖန်မွေးဖွားလာနိုင်တယ်ဆိုတာကို သမ္မာကျမ်းစာက သက်သေပြုထားပါတယ်။
တိုတောင်းတဲ့ ဘဝရဲ့အချိန်ကာလအတွင်းမှာ၊ ကျွန်တော်တို့ဟာ ပတ်ဝန်းကျင်မှာ ပျံ့နှံ့နေတဲ့ မတရားတဲ့အမှုတွေကို မလိုက်ဘဲ၊ အပြစ်သားရဲ့လမ်းကိုလည်း မလျှောက်ကြရပါဘူး။
ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့လမ်းကို စိတ်ထဲမှာ ထုထွင်းပြီး စောင့်ရှောက်မှပဲ ထာဝရ ကောင်းကင်နိုင်ငံကို ဝင်ရောက်နိုင်ပါတယ်။
ဘုရားသခင်က ဖြောင့်မတ်တဲ့သူနဲ့ ဆိုးတဲ့သူတွေ၊ သိုးတွေနဲ့ ဆိတ်တွေကို ခွဲခြားတဲ့ တရားစီရင်ရာနေ့မှာ
လူဆိုးတွေရဲ့နေရာမှာရှိပြီး ပြစ်ဒဏ်ကို ခံရတဲ့သူမဟုတ်ဘဲ၊ ဖြောင့်မတ်သူတွေရဲ့နေရာမှာ ရပ်တည်ဖို့အတွက်၊ ကျွန်တော်တို့ဟာ အဓမ္မအမှုကို စွန့်ပစ်ပြီး
ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင် ပြန်လည်တည်ထောင်ပေးတဲ့ ပဋိညာဉ်တရားသစ် ပညတ်တော်ကို စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။
သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ...ထိုသို့ လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃
"
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်