ရှင်မဿဲခရစ်ဝင် ၂၅ ထဲက ငွေအခွက်ဥပမာထဲမှာ၊ ရရှိခဲ့တဲ့ငွေအခွက်နဲ့ စီးပွားရှာဖို့ သခင်က ပြောခဲ့သလိုမျိုး၊ ကျွန်တော်တို့ဟာ ဘုရားသခင်ဆီကနေ ရရှိထားတဲ့ ပဋိညာဉ်တရားသစ်ကို ကမ္ဘာတစ်ဝန်းလုံးမှာ ဝီရိယရှိရှိ ဟောပြောရမှာဖြစ်ပါတယ်။
ငွေအခွက်တစ်ဆယ်ကိုရရှိပြီး မြေကြီးထဲမှာ မြှုပ်ထားခဲ့တဲ့သူလို မဟုတ်ဘဲ၊ ကျွန်တော်တို့ဟာ သံသယနဲ့ တုံ့ဆိုင်းမှုတွေအားလုံးကို ဖယ်ထားပြီး ယုံကြည်ခြင်းမျက်စိနဲ့ ဧဝံဂေလိကို ဟောပြောတဲ့အခါ၊ ဘုရားသခင်ရဲ့အံ့ဖွယ်အမှုတွေကို တွေ့ကြုံခံစားနိုင်ပါတယ်။
တမန်တော်တွေဟာ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးအားဖြင့် ယေရှုက ခရစ်တော်ဖြစ်တယ်ဆိုတာကို နေ့တိုင်း ဟောပြောခဲ့သလိုမျိုး၊ သူတို့ဟာ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ပထမအကြိမ်ကြွလာတုန်းကထက် ခုနစ်ဆပိုအားကောင်းတဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို ပေးမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ကတိတော်ကို ယုံကြည်ပြီး၊ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို တစ်ကမ္ဘာလုံးမှာ လုံ့လဝီရိယရှိရှိ ဟောပြောကြရမှာ ဖြစ်ပါတယ်။
ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။ ...
သဘောမဖြောင့်သော ဤအမျိုးမှ ကယ်တင်ခြင်းသို့ ရောက်ကြလော့ ...
ထိုစကားကို အသင့်နှလုံးသွင်းမိသောသူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သော သူတို့သည် ဝင်ကြ၏။
တမန်တော်ဝတ္ထု ၂:၃၈-၄၁
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်