ခရစ်တော်အန်ဆန်ဟုန်းကပဲ နောက်ဆုံးသောကာလမှာ ကြွလာခဲ့တဲ့ ဒါဝိဒ်ရဲ့အမြစ်ဖြစ်ပြီး၊ တံဆိပ်ခတ်ထားတဲ့ ကျမ်းစာကို ဖွင့်ပေးခြင်းအားဖြင့် ထာဝရပဋိညာဉ်ကို ပြန်တည်ထောင်ပေးတဲ့သူဖြစ်တဲ့အတွက်၊ သူဟာ ဘုရားသခင်ဖြစ်တယ်။
ပထမအကြိမ်မှာ ယေရှုခရစ်နာမ၊ ဒုတိယအကြိမ်မှာ အန်ဆန်ဟုန်းနာမနဲ့ ကြွလာခဲ့တဲ့ ခရစ်တော်ဟာ အသက်(၃၀)အရွယ်မှာ ဗတ္တိဇံခံပြီး ဝိညာဏဆိုင်ရာ ဆီလောင်းခြင်းကို ခံယူခဲ့ပါတယ်။ သူဟာ ပထမအကြိမ်ကြွလာတုန်းက ဧဝံဂေလိနယ်ပယ်ကို သုံးနှစ်ဦးဆောင်ခဲ့ပြီး၊ ဒုတိယအကြိမ်မှာ (၃၇)နှစ် ဦးဆောင်ခဲ့ပြီးတော့၊ ဒါဝိဒ်ရဲ့ ရာဇပလ္လင်ကြိုတင်ဟောစကားကို အောင်မြင်ခဲ့ပါတယ်။
ယေရှုခရစ်သင်ပေးခဲ့တဲ့ သင်္ဘောသဖန်းပင် ဥပမာအရ၊ ဣသရေလနိုင်ငံ လွတ်လပ်ရေးပြန်ရတဲ့နှစ်ဖြစ်တဲ့ (၁၉၄၈)ခုနှစ်မှာ ခရစ်တော်အန်ဆန်ဟုန်းဟာ တံခါးဝမှာရပ်နေပြီး၊ ပဋိညာဉ်တရားသစ် ပသခါပွဲအားဖြင့် ကျွန်တော်တို့ဆီ ကယ်တင်ခြင်းကောင်းချီးမင်္ဂလာကို ခွင့်ပြုပေးပြီးတော့၊ ဘုရားသခင်၏အသင်းတော်ကို တည်ထောင်ပြီး၊ အမေဘုရားသခင်အကြောင်းကို သက်သေပြုခဲ့ပါတယ်။
ထိုစာစောင်ကိုဖွင့်၍ ကြည့်ထိုက်သောသူ တစ်ယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည် များစွာငိုကြွေးလေ၏။ ထိုအခါအသက်ကြီးသောသူတစ်ပါးက၊ မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကိုလည်းကောင်း၊ တံဆိပ် ခုနစ်ချက်တို့ကိုလည်းကောင်း၊ ဖွင့်ခြင်းငှာ အောင်မြင်လေပြီဟု ငါ့ကိုပြောဆို၏။
ဗျာဒိတ်ကျမ်း ၅:၄-၅
ထိုနောက်မှ ဣသရေလအမျိုးသားတို့သည် ပြန်လာ၍၊ သူတို့ဘုရားသခင် ထာဝရဘုရားကိုလည်းကောင်း၊ သူတို့ရှင်ဘုရင် ဒါဝိဒ်ကိုလည်းကောင်းရှာ၍၊ နောင်ကာလ၌ ကျေးဇူးတော်ကိုခံအံ့သောငှာ၊ ထာဝရဘုရားထံတော်သို့ တုန်လှုပ်လျက်ပြေးကြလိမ့်မည်။
ဟောရှေအနာဂတ္တိကျမ်း ၃:၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်