ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ကယ်တင်ခြင်းအစီအစဉ်ကို အပြည့်အဝနားမလည်ဘဲ
ကိုယ်ရဲ့အလိုဆန္ဒအတိုင်း လုပ်ဆောင်မယ်ဆိုရင်၊ သဲကန္တာရမှာ ပျက်စီးသွားတဲ့
ဣသရေလလူတွေလိုမျိုး ကောင်းကင်ခါနာန်ပြည်ကို မဝင်ရောက်နိုင်ပါဘူး။
သမ္မာကျမ်းစာက နောဧ၊ အာဗြဟံ၊ မောရှေနဲ့ ယောရှုကို ယုံကြည်ခြင်းဘိုးဘေးတွေလို့
ခေါ်ဆိုရတဲ့အကြောင်းရင်းဟာ သူတို့ဟာ ဘုရားသခင်ရဲ့ကယ်တင်ခြင်းအစီအစဉ်ကို
ယုံကြည်ပြီး အစီအစဉ်အတိုင်းပဲ လုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဘုရားသခင်၏အသင်းတော်ရဲ့ပဋိညာဉ်တရားသစ် ဧဝံဂေလိဟာ
မာကုရဲ့အခန်းလိုမျိုး အသင်းတော်ငယ်တစ်ခုအဖြစ် စတင်ခဲ့ပါတယ်။
ဒါပေမဲ့၊ ဘုရားသခင်ဟာ လူသားတွေအတွက် အစကတည်းက ဖန်ဆင်းထားခဲ့တဲ့
ကယ်တင်ခြင်းအစီအစဉ်အရ၊ ဒါကို အလက်စကာနဲ့ ဟိမဝန္တာတောင်တန်းက
ဆဲလ်တွန်း အပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဟောပြောနေပါတယ်။
အဦးမှစ၍ အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်သေးသော
အမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက်၊ ငါ့အကြံတည်လိမ့်မည်။
ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်ဟု ဆိုလျက်၊ ...
ငါသည် နှုတ်ထွက်အတိုင်း ပြုမည်။ ကြံသည်အတိုင်း စီရင်မည်။
ဟေရှာယအနာဂတ္တိကျမ်း ၄၆:၁၀-၁၁
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်