လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းက၊ ကောင်းကင်တမန်တွေက “ဤမြေကြီးပေါ်တွင် ဝမ်းမြောက်စရာအကောင်းဆုံးသတင်းကို သင်တို့အားကြားပြောရ၏”လို့ ပြောပြီး၊ ဘုရားသခင်ဖြစ်တဲ့ ယေရှုခရစ် လူ့ဇာတိကို ဝတ်ဆင်ပြီး ဒီမြေကြီးမှာမွေးဖွားလာခဲ့တဲ့ သတင်းကို ကြားပြောခဲ့တာဟာ ဘုရားသခင်ကြွလာမှ လူသားတွေဟာ အပြစ်ခွင့်လွှတ်ခြင်းခံရနိုင်ပြီး ထာဝရကောင်းကင်နိုင်ငံကို ဝင်ရောက်နိုင်တဲ့အတွက် ဖြစ်ပါတယ်။
ဟေဗြဲသြဝါဒစာ (၉) မှာ ဘုရားသခင်ဟာ လူသားတွေကို ကယ်တင်ဖို့အတွက် ဒုတိယအကြိမ်ပေါ်ထွန်းမယ်လို့ ရေးထားပါတယ်။ ဒါကြောင့်၊ ဘုရားသခင်ဟာ လူ့ဇာတိနဲ့ ပြန်ကြွမလာဘူးဆိုရင် လူသားတွေဟာ လုံးဝကယ်တင်ခြင်းမခံရနိုင်ပါဘူး။ ဒီလိုကြိုတင်ဟောစကားရဲ့ ဇာတ်ဆောင်အနေနဲ့ ခရစ်တော်အန်ဆန်ဟုန်းဟာ ကြွလာပြီး၊ အမှောင်ထဲမှာ ချုပ်နှောင်ခံထားရတဲ့ အမှန်တရားအားလုံးကို ရှာဖွေပေးပြီးတော့ ဧလိယရဲ့တာဝန်အဖြစ် အသက်ရဲ့အဖြစ်မှန်ဖြစ်တဲ့ အမေဘုရားသခင်ကိုလည်း သက်သေပြုပေးခဲ့တာဖြစ်ပါတယ်။
ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ်ဖြစ်၍၊ ထိမ်းမြားဆောင်နှင်းသော မယားမာရိနှင့်အတူ စာရင်းဝင်ခြင်းငှာ၊ ဂါလိလဲပြည် နာဇရက်မြို့မှ ယုဒပြည်တွင် ဗက်လင်အမည်ရှိသော ဒါဝိဒ်၏မြို့သို့ သွား၏။ ထိုအခါ မာရိသည် ပဋိသန္ဓေအရင့်အမာရှိ၏။ ... ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။ ယနေ့တွင် ဒါဝိဒ်၏မြို့ ၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။
ရှင်လုကာခရစ်ဝင် ၂:၄-၁၁
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်