လွန်ခဲ့တဲ့နှစ်ပေါင်း (၃,၅၀၀)၊ ဣသရေလလူတွေ ပသခါပွဲကိုစောင့်ပြီးတဲ့ နောက်နေ့ကစပြီး အဲဂုတ္တုစစ်တပ်ရဲ့ နောက်ကလိုက်ခြင်းကို ခံရရင်း ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခဟာ အရိပ်ဖြစ်ပြီးတော့၊ လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)၊ ယေရှုခရစ်တော်က တပည့်တော်တွေနဲ့အတူ ပသခါပွဲကို စောင့်အပြီးနောက်နေ့ လက်ဝါးကပ်တိုင်ပေါ်မှာ ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခဟာ အဇုမပွဲရဲ့ အစစ်အမှန်ပဲဖြစ်ပါတယ်။ ဓမ္မဟောင်းခေတ်မှာ၊ ဘုရားသခင်ဟာ တဆေးမဲ့မုန့်နဲ့ ခါးတဲ့ ဟင်းသီးဟင်းရွက်ကို စားစေခြင်းအားဖြင့် အဇုမပွဲရဲ့ဆင်းရဲဒုက္ခကို အမှတ်ရစေခဲ့ပြီး၊ ဓမ္မသစ်ခေတ်မှာတော့၊ ယေရှုခရစ်ရဲ့ ပေးဆပ်မှုကို သိမြင်တဲ့ ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေအားလုံးကို အစာရှောင်စေခြင်းအားဖြင့် လက်ဝါးကပ်တိုင်ဆင်းရဲဒုက္ခထဲမှာ ပါဝင်စေခဲ့ပါတယ်။
တမန်တော်ပေါလုက မိမိထဲမှာ ယေရှုခရစ်ရဲ့ဒဏ်ချက်ရာကို ဆောင်ပြီး ဧဝံဂေလိကို လုပ်ဆောင်ခဲ့သလို၊ အန်ဆန်ဟုန်းဘုရားသခင်နဲ့ အမေဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပေးဆပ်မှုကို စိတ်ထဲမှာ ထုထွင်းပြီး၊ ဧဝံဂေလိလမ်းကို လိုက်လျှောက်တဲ့ ဘုရားသခင်ရဲ့သားသမီးတွေ ဖြစ်ကြရပါမယ်။
“ယခုမှစ၍ အဘယ်သူမျှ ငါ့ကို မနှောင့်ရှက်စေနှင့်။
ငါ့ကိုယ်၌ သခင်ခရစ်တော်၏ဒဏ်ချက်ရာကို ငါဆောင်၏။” ဂလာတိသြဝါဒစာ ၆:၁၇
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်