ယေရှုခရစ်တော်ဟာ သူချစ်တဲ့သားသမီးတွေအတွက်၊ မုန်းတီးခြင်း၊ လူတွေရဲ့ကဲ့ရဲ့ခြင်း၊ တပည့်တော်တွေရဲ့သစ္စာဖောက်ခြင်းနဲ့ လက်ဝါးကပ်တိုင်ပေါ်မှာဒုက္ခခံခြင်းတွေကို သည်းခံပြီး ကျော်လွှားခဲ့သလိုမျိုး၊ ကျွန်ုပ်တို့လည်း ကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်းပြီး ယေရှုခရစ်တော်ရဲ့လမ်းအတိုင်း လိုက်လျှောက်ကြရမှာ ဖြစ်ပါတယ်။
အဇုမပွဲတော်အားဖြင့်၊ ကျွန်ုပ်တို့ဟာ ယေရှုခရစ်တော်ရဲ့ဒုက္ခကို သတိရပြီး၊ ဒုတိယအကြိမ်ကြွလာတဲ့ ခရစ်တော်အန်ဆန်ဟုန်းရဲ့ဒုက္ခကို စဉ်းစားရမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ အရာရာတိုင်းမှာ ကျေးဇူးတင်ပြီး ခရစ်တော်ရဲ့လမ်းစဉ်အတိုင်း လိုက်လျှောက်တဲ့အချိန်မှာ၊ ဘုရားသခင်ဟာ ပင်လယ်နီလိုမျိုး အတားအဆီးတွေကိုလည်း ကျေးဇူးတော်တန်ဆာပလာအဖြစ် ပြောင်းလဲပေးပါတယ်။
“ထိုအခါ ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။”ရှင်မဿဲခရစ်ဝင် ၁၆:၂၄-၂၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်