ကောင်းကင်တမန်လူစီဖာနဲ့ ကုရုမင်းဟာ ဘုရားသခင်ထက် မိမိကိုယ်ကိုယ်ချီးမြှောက်ချင်တဲ့ မာနကြီးမှုကြောင့် ဘုရားသခင်ကို သစ္စာဖောက်ခဲ့သလို လူသားအားလုံးဟာ ကောင်းကင်မှာ ပြစ်မှားခဲ့ကြပြီး ဒီကမ္ဘာမြေကြီးကို ဆင်းသက်လာခဲ့ကြပြီးတော့ ငရဲပြစ်ဒဏ်ကို သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဘုရားသခင်ကိုယ်တော်တိုင်ဟာ ဝတ်ပြုကိုးကွယ်ခြင်းတိုင်းမှာ အပြစ်ဖြေရာပူဇော်သကာဖြစ်လာပြီး ကျွန်တော်တို့ကို အပြစ်ခွင့်လွှတ်ခြင်း ပေးတော်မူခဲ့ပါတယ်။
မောရှေခေတ်ကနေ ယေရှုခရစ်ခေတ်အထိ နှစ်ပေါင်း (၁,၅၀၀) လောက် ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ဥပုသ်နေ့နဲ့ ပွဲတော်တစ်ခုစီမှာ တိရစ္ဆာန်အထီး၊အမတွေရဲ့ ပူဇော်သကာအသွေးအားဖြင့် အပြစ်ခွင့်လွှတ်ခြင်းပေးတော်မူခဲ့ပါတယ်။ ဘုရားသခင်ဟာ ပဋိညာဉ်တရားဟောင်းအားဖြင့် ပဋိညာဉ်တရားသစ်ရဲ့အစစ်အမှန်ဖြစ်တဲ့ အမေဘုရားသခင်ရဲ့ပေးဆပ်မှုနဲ့ ချစ်ခြင်းမေတ္တာကို သိစေပြီး၊ လူသားတွေအတွက် သူ့ရဲ့ ချစ်ခြင်းမေတ္တာရဲ့သက်သေအဖြစ် လက်ဝါးကပ်တိုင်ပေါ်မှာ အသွေးသွန်းတဲ့ ခရစ်တော် အန်ဆန်ဟုန်းရဲ့ ပေးဆပ်မှုကို ပြသတော်မူခဲ့ပါတယ်။
“စင်ကြယ်သောသူတစ်စုံတစ်ယောက်သည် နွားမ၏ပြာကိုစုသိမ်း၍၊ တပ်ပြင်မှာ စင်ကြယ်သောအရပ်၌ ထားရမည်။ ဣသရေလအမျိုးပရိသတ်အဖို့ စင်ကြယ်စေသောရေဖော်ဖို့၊ ထိုပြာကိုသိုထားရမည်။ အပြစ်နှင့် ကင်းစင်စေစရာဖို့ ဖြစ်သတည်း။”
တောလည်ရာကျမ်း ၁၉:၉
“လူတစ်စုံတစ်ယောက်သည် သတိလစ်၍ပြစ်မှားလျှင်၊ အပြစ်ဖြေရာယဇ်ဖို့ အခါမလည်သော ဆိတ်မတစ်ကောင်ကို ဆောင်ခဲ့ရမည်။”
တောလည်ရာကျမ်း ၁၅:၂၇
“ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါလွှတ်လိုက်သော သင်တို့အမိ၏ ဖြတ်စာသည် အဘယ်မှာရှိသနည်း။ ငါ၌ကြွေးရှိ၍ အဘယ်မည်သော ကြွေးရှင်ထံ၌ သင်တို့ကို ငါရောင်းသနည်း။ သင်တို့သည် ကိုယ်ပြုသော ဒုစရိုက်အတွက် ကျွန်ခံရကြ၏။ သင်တို့အပြစ်ကြောင့်၊ သင်တို့အမိကို ငါလွှတ်လိုက်၏။”
ဟေရှာယအနာဂတ္တိကျမ်း ၅၀:၁
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်