ကောင်းကင်တမန်တွေဟာ စာတန်ရဲ့သွေးဆောင်မှုခံရပြီး ကောင်းကင်မှာ ပြစ်မှားခဲ့တဲ့အတွက် ဒီမြေကြီးပေါ်ကို နှင်ချခြင်းခံခဲ့ရတယ်ဆိုတာကို သမ္မာကျမ်းစာက သက်သေပြုနေပါတယ်။ ဒါဟာ လူသားတွေရဲ့အကြောင်းဖြစ်ပါတယ်။ သူတို့ရဲ့ဝိညာဏမွေးရပ်မြေဖြစ်တဲ့ ထာဝရကောင်းကင်နိုင်ငံကို ပြန်သွားနိုင်အောင် လူသားတွေဆီ အပြစ်ခွင့်လွှတ်ခြင်းပေးဖို့အတွက် ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဟာ ဒီမြေကြီးကို ကြွလာပြီးတော့ ပဋိညာဉ်တရားသစ် ပသခါပွဲကို တည်ထောင်ခဲ့ပါတယ်။
မြေကြီးပေါ်မှာ မိသားစုဟာ အသွေးနဲ့ ဆက်စပ်ထားသလို၊ ကောင်းကင်မိသားစုလည်း အသွေးအားဖြင့် ဆက်စပ်ထားပါတယ်။ အဖေဘုရားသခင်နဲ့ အမေဘုရားသခင်ရဲ့ သားသမီးတွေအဖြစ် ကောင်းကင်မိသားစုဝင်တွေဖြစ်လာဖို့အတွက် လူသားတွေဟာ ဘုရားသခင်ရဲ့အသွေးနဲ့အသားကို ဆက်ဆံနိုင်တဲ့ ပသခါမုန့်နဲ့ ပသခါစပျစ်ရည်ကို စားသောက်ရမှာဖြစ်ပါတယ်။ ဒီနေ့၊ နိုင်ငံပေါင်း (၁၇၅)နိုင်ငံက ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေဟာ ပသခါပွဲကို စိတ်နှလုံးတစ်ခုတည်းနဲ့ စောင့်နေကြပါတယ်။
ထိုယဇ်ပုရောဟိတ်တို့သည် ကောင်းကင်အရာတို့၏ ပုံပမာအရိပ်နှင့်သာဆိုင်လျက် ဝတ်ကိုပြုနေကြ၏။
ဟေဗြဲသြဝါဒစာ ၈:၅
ပသခါသိုးသငယ်ကို သတ်ရသောနေ့တည်းဟူသော အဇုမပွဲနေ့ ရောက်သောအခါ၊ . . . ထိုအခါ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဖို့အလိုငှာ စွန့်သော ငါ၏ကိုယ်ဖြစ်၏။ . . . ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား သင်တို့အဖို့အလိုငှာ သွန်းသော ငါ၏ အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။
ရှင်လုကာခရစ်ဝင် ၂၂:၇-၂၀
ထိုကြောင့်၊ သင်တို့သည် တစ်ကျွန်းတစ်နိုင်ငံသား မဟုတ်၊ ဧည့်သည်လည်း မဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားချင်း ဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်း ဖြစ်ကြ၏။
ဧဖက်သြဝါဒစာ ၂:၁၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်