ကျွန်တော်တို့ထဲမှာ ဘာတွေရှိနေလဲဆိုတာအပေါ် မူတည်ပြီး၊ ဘူးအလွတ်တစ်ခုဟာ ပန်းအို ဒါမှမဟုတ် ရေဘူးဖြစ်လာနိုင်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ က ပင်တေကုတ္တေပွဲနေ့မှာ တမန်တော်တွေဟာ သန့်ရှင်းသောဝိညာဉ်တော်ကိုရရှိပြီးနောက် ပဋိညာဉ်တရားသစ်အမှုထမ်းတွေ ဖြစ်လာခဲ့သလို၊ ကျွန်တော်တို့ထဲမှာ သန့်ရှင်းသောဝိညာဉ်တော်ရှိတဲ့အခါ၊ ကျွန်တော်တို့လည်း ဘုရားသခင်ရဲ့ ပြီးပြည့်စုံတဲ့ သားသမီးတွေ ဖြစ်လာနိုင်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ က၊ ယေရှုခရစ် လက်ဝါးကပ်တိုင်မှာ အသေခံခဲ့ပြီးနောက် တမန်တော်တွေဟာ ကြောက်ရွံ့တုန်လှုပ်ခဲ့ကြပေမယ့်၊ ပင်တေကုတ္တေပွဲနေ့မှာ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိပြီးတဲ့နောက်မှာတော့ သူတို့ဟာ ယေရှုခရစ်က မေရှိယဖြစ်တယ်ဆိုတာကို ရဲရင့်စွာ သက်သေပြုခဲ့ကြပါတယ်။
တမန်တော်တွေပြုခဲ့သလိုပဲ၊ ဒီနေ့ ဘုရားသခင်၏အသင်းတော်အသင်းဝင်တွေဟာ ပင်တေကုတ္တေပွဲနေ့မှာ နောက်မိုးသန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိပြီးတော့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဟာ လူသားတွေကို ကယ်တင်ဖို့အတွက် ကြွလာတယ်ဆိုတာကို ရဲရင့်စွာ သက်သေခံကြပါတယ်။
ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်း စည်းဝေး၍နေကြ၏။
ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တစ်ခဏချင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့ နေထိုင်သောအိမ်ကို ဖြည့်လေ၏။ . . .
ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။
တမန်တော်ဝတ္ထု ၂:၁-၄
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်