ဒီဇင်ဘာလ (၂၅)ရက်နေ့ကို ယေရှုခရစ်ရဲ့မွေးနေ့အဖြစ် တစ်ကမ္ဘာလုံးက ကျင်းပကြပါတယ်။
ဒါပေမဲ့၊ သမ္မာကျမ်းစာထဲမှာ ယေရှုခရစ်မွေးဖွားတဲ့နေ့စွဲ မရှိပါဘူး။
လယ်ကွင်းမှာ သူတို့ရဲ့သိုးအုပ်ကို ထိန်းကျောင်းနေတဲ့သိုးထိန်းတွေဟာ ယေရှုခရစ်ကို ချီးမွမ်းခဲ့တယ်လို့ပဲ ပြောထားပါတယ်။ (လု ၂:၈)
ချမ်းအေးတဲ့ဆောင်းရာသီညမှာ သိုးစုတွေကို ကျက်စားလို့မရနိုင်ပါဘူး။
တကယ်ပဲ ယေရှုခရစ်ဟာ ဒီဇင်ဘာလ (၂၅)ရက်နေ့မှာ မွေးဖွားခဲ့တာပါလား။
ကနဦးခရစ်ယာန်တွေဟာ ယေရှုခရစ်ရဲ့မွေးနေ့ကို မကျင်းပခဲ့ကြပါဘူး။
ဒါဆိုရင်၊ ခရစ္စမတ်က ဘယ်ကနေ အစပြုခဲ့တာပါလဲ။
ဒီဇင်ဘာလ ၂၅ ရက်၊ ခရစ္စမတ်။ . .
“ဒီဇင်ဘာလ (၂၅)ရက်နေ့သည် ယေရှုခရစ်၏မွေးနေ့ မဟုတ်ဘဲ နေနတ်၏မွေးနေ့ဖြစ်သည်။
ခရစ္စမတ်သည် ပြိုင်ဘက်ကင်းသောနေအတွက် အခြားသောဘာသာအယူဝါဒပွဲတော်မှ အစပြုခဲ့ပါသည်။” [ဘရစ်တနီကာ စွယ်စုံကျမ်း]
'ဘယ်လို? ခရစ္စမတ်က အယူမှားပွဲတော်တစ်ခုကနေ အစပြုခဲ့တာလား။'
“ရှေးခေတ်ရောမမြို့တွင် ဒီဇင်ဘာလ (၁၇) ရက်မှ (၂၄) ရက်အထိ ဆာတာနေးလီးယားဟူသည့် ပွဲတော်တစ်ခုရှိခဲ့သည်။”[ခရစ်ယာန်အသင်းတော်သမိုင်း]
“ဤပွဲတော်အတွင်းတွင် လူတို့သည် ဆင်းရဲချမ်းသာ၊ လူတန်းစားအလွှာ ခွဲခြားမှုမရှိဘဲ ရွှင်မြူးလျက် လက်ဆောင်များ ဖလှယ်ခဲ့ကြသည်။”[ခရစ်ယာန်အသင်းတော်သမိုင်း]
'မဟုတ်ဘူး! ဒါဘယ်လိုဖြစ်နိုင်မှာလဲ!!! ဒီဇင်ဘာလ ၂၅ ရက်၊ ခရစ္စမတ်ဟာ ယေရှုခရစ်ရဲ့မွေးနေ့ မဟုတ်ပါဘူး!!!’
“ဒီဇင်ဘာလ (၂၅) ရက်၊ နေ့တာစတင်ရှည်လျားလာချိန်ကို နေနတ်မစ်သရာ၏မွေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။”[ဘရစ်တနီကာ စွယ်စုံကျမ်း]
မစ်သရာယုံကြည်ခြင်းကို ချိုးဖျက်သည်ဟု အကြောင်းပြ၍၊ ရောမကက်သလစ်အသင်းတော်သည် “နေနတ်၏မွေးနေ့”ကို “ယေရှုခရစ်၏မွေးနေ့”အဖြစ်သို့ ပြောင်းလဲခြင်းဖြင့် ပွဲတော်ကိုပျော်မွေ့ခဲ့သည်။[ဂျိမ်းစ် ဂျီဖရေဇာ - The Golden Bough]
ခရစ္စမတ်သစ်ပင်သည် သစ်ပင်ကိုးကွယ်သည့် အယူမှားဓလေ့ထုံးစံမှ ဆင်းသက်လာခဲ့သည်။[ဘရစ်တနီကာ စွယ်စုံကျမ်း]
အဖြူရောင်မုတ်ဆိတ်မွေးနှင့် အနီရောင်ဝတ်စုံ ဝတ်ထားသည့် စန်တာကလော့စ်၏ပုံရိပ်ကို ၁၉၃၁ ခုနှစ်က Coca-Cola ကြော်ငြာအတွက် ဖန်တီးခဲ့သည်။[ဟက်ဒန် ဆန်ဒ်ဘလွမ်မှ သရုပ်ဖော်သည်]
ခရစ္စမတ်က ယေရှုခရစ်ရဲ့မွေးနေ့ မဟုတ်ကြောင်းကို အသင်းတော်တွေက ကောင်းကောင်းသိကြပါတယ်။
ဒါပေမဲ့၊ သူတို့ဟာ ခရစ္စမတ်က ယေရှုခရစ်ရဲ့မွေးနေ့ဖြစ်တယ်လို့ လိမ်ညာပြောဆိုနေကြပါတယ်။
ခရစ်ယာန်တွေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး အမှောင်ထဲမှာ ရှိနေကြပါတယ်။
“အေဒီ (၃၅၄) နောက်ပိုင်းမှစ၍ ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ခရစ္စမတ်ကို ကျင်းပခဲ့သည်။”[ကမ္ဘာ့စာအုပ် စွယ်စုံကျမ်း]
အေဒီ (၃၅၄) နောက်ပိုင်းလား? ယေရှုခရစ်ရဲ့ တပည့်တော်တွေနဲ့ တမန်တော်တွေဟာ ခရစ္စမတ်ကို ဘယ်တော့မှမကျင်းပခဲ့ဖူးပါဘူး!
“ခရစ္စမတ်သည် ဘုရားသခင်က မိန့်မှာခဲ့ခြင်းမဟုတ်သလို၊ သမ္မာကျမ်းစာကို အခြေခံထားခြင်းလည်းမရှိပါ။”[သမ္မာကျမ်းစာ၊ ဓမ္မပညာနှင့် ခရစ်ယာန်သာသနာစာပေ စွယ်စုံကျမ်း]
နေနတ်ဘုရားရဲ့မွေးနေ့ကို ယေရှုခရစ်ရဲ့မွေးနေ့အဖြစ် ပြောင်းလဲခဲ့ပါတယ်။
ဒါဟာ ကြောက်စရာကောင်းပါတယ်!
လူ့ပညတ်တွေကို စောင့်ရှောက်ခြင်းဟာ ဘုရားသခင်ကို အချည်းနှီးကိုးကွယ်ခြင်းဖြစ်တယ်လို့ သမ္မာကျမ်းစာက ပြောထားပါတယ်။ (မ ၁၅:၉)
မှားယွင်းတဲ့ဓလေ့ကို လိုက်နာခြင်းအားဖြင့် ဣသရေလ လူမျိုးတွေ ဖျက်ဆီးခံခဲ့ရတဲ့အကြောင်းကို သမ္မာကျမ်းစာ ထဲမှာ ကြိမ်ဖန်များစွာ ရေးသားထားပါတယ်။ (ယေဇ ၁၁:၈-၁၂)
သိနာ တောကန္တာရထဲမှာ သူတို့ဟာ ရုပ်တုဆင်းတုကိုကိုးကွယ်နေပေမယ့်၊ ယေဟောဝါဘုရားသခင်ကို ကိုးကွယ်နေတယ်လို့ ထင်ခဲ့ကြပါတယ်။ (ထွ ၃၂:၁-၆)
မြောက်ဣသရေလရှင်ဘုရင် ယေရောဗောင်ဟာလည်း ဘုရားသခင်ကို ကိုးကွယ်ဖို့ဆိုပြီး၊ သူကိုယ်တိုင်ရွေးချယ်တဲ့လမှာ ပွဲခံခဲ့ပါတယ်။ (၁ ရာ ၁၂:၂၅-၃၃)
ဒါပေမဲ့၊ ရုပ်တုဆင်းတုကိုးကွယ်တဲ့သူတွေအားလုံး ပျက်စီးသွားခဲ့ပါတယ်။
ဒီလိုပါပဲ၊ ခရစ္စမတ်မှာ ယေရှုခရစ်ကို ကိုးကွယ်ဖို့လို့ဆိုပေမယ့်လည်း၊ ဒါဟာ ရုပ်တုကိုးကွယ်ခြင်းပဲ ဖြစ်ပါတယ်။
ရုပ်တုဆင်းတုကိုးကွယ်ခြင်းရဲ့ရလဒ်ဟာ ပျက်စီးခြင်းပဲ ဖြစ်ပါတယ်။
ဒုတိယအကြိမ်ကြွလာခဲ့တဲ့ ခရစ်တော်အန်ဆန်ဟုန်းတည်ထောင်ခဲ့တဲ့ ဘုရားသခင်၏အသင်းတော်ဟာ သမ္မာကျမ်းစာထဲမှာမရှိတဲ့ နေနတ်ရဲ့မွေးနေ့၊ ခရစ္စမတ်ပွဲတော်ကို မကျင်းပပါဘူး။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်