ဂိဒေါင်ရဲ့စစ်တပ်ကို ဘုရားသခင်ရွေးချယ်တဲ့အခါ ကြောက်ရွံ့တဲ့သူတွေကို ငြင်းပယ်ခဲ့ပြီး၊ သူဟာ ယောရှုရဲ့စစ်တပ်ကို မကြောက်ဖို့ အဆက်မပြတ် အလေးပေးပြောခဲ့ပါတယ်။ ဒီအရာအားလုံးကို ကျွန်တော်တို့မြင်တဲ့အခါ အရေးကြီးဆုံးအရာဟာ ဘုရားသခင်ရဲ့ကတိတော်ကို ယုံကြည်ပြီး ရဲရင့်စွာ ဆက်သွားခြင်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သိမြင်နိုင်ပါတယ်။
ဘုရားသခင်ရဲ့ကတိတော်တွေကို မယုံကြည်တဲ့ ဣသရေလလူတွေဟာ ခါနာန်ပြည်နဲ့ပတ်သက်ပြီး မကောင်းသတင်းကို ဖြန့်ပြီး မြည်တမ်းခဲ့ကြသလို လူတွေနဲ့ ပတ်ဝန်းကျင်ကို ကြောက်လို့ တုံ့ဆိုင်းနေမယ်ဆိုရင် ကောင်းကင်ခါနာန်ပြည်ကို ဘယ်တော့မှ မဝင်နိုင်ပါဘူး။ ဒီနေ့ခေတ် ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်က ကောင်းချီးကို ကတိပြုထားတာကို ယုံကြည်ပြီး ကောင်းကင်ဧဝံဂေလိကို ရဲရင့်စွာ ဟောပြောတဲ့အခါ၊ ကမ္ဘာတစ်ဝန်းလုံးကို အံ့သြစေမယ့် ဧဝံဂေလိရဲ့အံ့ဖွယ်အမှု ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။
“ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှာ ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ၊ နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်။ သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။”
ယောရှုမှတ်စာ ၁:၈-၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်