ကျမ်းစာဟာ ကယ်တင်ခြင်းခံရမယ့် သန့်ရှင်းသူတွေကို အာဗြဟံရဲ့အမွေခံဖြစ်တဲ့ ဣဇာက်နဲ့တူပြီး
တစ်ချိန်တည်းမှာပဲ ဇိအုန်မှာရှိတဲ့သူတွေဟာ ဝမ်းမြောက်ပျော်ရွှင်ကြလိမ့်မယ်လို့ ကြိုတင်ဟောထားပါတယ်။
ဒါတွေကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်ဟာ ဇိအုန်သားသမီးတွေကို
ဣဇာက်(ပြုံးရယ်ခြင်း)ဆိုတဲ့ နာမည်ရဲ့အဓိပ္ပာယ်လိုပဲ အမြဲတမ်း ဝမ်းမြောက်ပျော်ရွှင်စေချင်တာကို တွေ့နိုင်ပါတယ်။
ဒါကြောင့် ကောင်းကင်မျှော်လင့်ချက်နဲ့ ပြည့်ပြီး ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို မျှဝေတဲ့အသက်တာမှာ နေထိုင်တဲ့ ဘုရားသခင်၏အသင်းတော် မိသားစုဝင်ရဲ့ နှုတ်ခမ်းမှာ အမြဲတမ်း ကျေးဇူးတင်ခြင်းနဲ့ ပြုံးရယ်ခြင်းတွေနဲ့ ပြည့်နေပါတယ်။
အိမ်ဆောက်တဲ့အခါမှာလည်း ဗိသုကာပညာရှင်ရှိသလို၊
လူသားတိုင်းတောင့်တတဲ့ ထာဝရအသက်လည်း ဗိသုကာပညာရှင် ရှိပါတယ်။
စကြဝဠာတစ်ခုလုံးမှာ ထာဝရအသက်ပိုင်ဆိုင်တဲ့သူက ဘုရားသခင်ပဲရှိတဲ့အတွက်
အဖေအန်ဆန်ဟုန်း နဲ့ အမေဘုရားသခင်ဟာ လူသားတွေကို ထာဝရအသက်ပေးဖို့အတွက်
ဒီမြေကြီးကို ကြွလာခဲ့ပါတယ်။
ဘုရားသခင်က၊ သင်၏မယားစာရာသည် သင်အားသားကိုဖွားလိမ့်မည်။
ထိုသားကိုလည်း ဣဇာက်[ပြုံးရယ်ခြင်း]အမည်ဖြင့် မှည့်ရမည်။
ကမ္ဘာဦးကျမ်း ၁၇:၁၉
ညီအစ်ကိုတို့၊ ငါတို့သည် ဣဇာက်ကဲ့သို့ ကတိတော်နှင့်စပ်ဆိုင်သော သားဖြစ်ကြ၏။
ဂလာတိသြဝါဒစာ ၄:၂၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်