ဘုရားသခင်ဟာ ရှင်ယောဟန်ခရစ်ဝင်မှာ “အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏”လို့ သွန်သင်ထားပြီး
ရှင်ယောဟန်သြဝါဒစာပထမစောင်မှာတော့ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏”လို့ မိန့်တော်မူပြီး
ကောရိန်သုသြဝါဒစာပထမစောင်မှာတော့ “ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက် ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်း မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း”လို့ ပြောထားတဲ့အတွက်
အကျင့်တရားအားလုံး ပြည့်စုံရာဟာ ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။
“ဘယ်သူမှအထီးမကျန်တဲ့ ဧဝံဂေလိလမ်းဖြစ်ရပါမယ်”ဆိုတဲ့ အမေဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟာ
တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘုရားသခင်သခင်၏အသင်းတော် သန့်ရှင်းသူအားလုံးကို အချင်းချင်းအစေခံတဲ့ ချစ်ခြင်းမေတ္တာကို လက်တွေ့ကျင့်သုံးစေပြီး
ဒီနေ့ထိတိုင် ဘုရားသခင်၏အသင်းတော်ရဲ့ နှစ် ၆၀ သမိုင်းကို ဦးဆောင်ခဲ့တဲ့ မောင်းနှင်အားဖြစ်လာပါတယ်။
ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့် စပ်ဆိုင်သော သူ၏အကျိုးကို မဖျက်ဆီးတတ်။ ထိုကြောင့်၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း။
ရောမဩဝါဒစာ ၁၃:၁၀
ချစ်သူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့၊ အကြောင်းမူကား၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။
ချစ်တတ်သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ်ဖွားစေတော်မူသောသူဖြစ်၏။ ဘုရားသခင်ကို သိသောသူလည်း ဖြစ်၏။
ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။
ရှင်ယောဟန်သြဝါဒစာပထမစောင် ၄:၇-၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်