နှုတ်ကပတ်တော်အားဖြင့် အလင်းကိုဖန်ဆင်းပြီး အရာခပ်သိမ်းကို ဖန်ဆင်းတော်မူတဲ့ တန်ခိုးကြီးတဲ့ဘုရားသခင်ဟာ ဒီမြေကြီးကို ဒုတိယအကြိမ်ကြွလာခဲ့ပါတယ်။ နှစ်ပေါင်း (၁,၉၀၀)ကြာအောင် သွေ့ခြောက်သွားခဲ့တဲ့ သင်္ဘောသဖန်းပင်ရဲ့ အခက်အလက်တွေနုပြီး အရွက်တွေပေါက်လာတဲ့ (၁၉၄၈)ခုနှစ်မှာ၊ ခရစ်တော်ဟာ ကိုရီးယားကိုကြွလာခဲ့ပြီး ဧဝံဂေလိကို စတင်ဟောပြောခဲ့ပါတယ်။
ဣသရေလလူမျိုးတွေရဲ့ပရောဖက်တွေ ကြိုတင်ဟောကြားခဲ့တဲ့ အရှေ့ဘက် မြေကြီးစွန်းမှာရှိတဲ့နိုင်ငံဟာ ကိုရီးယားနိုင်ငံဖြစ်လို့ ဖြစ်ပါတယ်။ ခရစ်တော်ဟာ ကျွန်ုပ်တို့ရဲ့ကယ်တင်ခြင်းအတွက် ဆင်းရဲဒုက္ခခံဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့၊ ကျွန်ုပ်တို့ဟာ ဝိညာဉ်အတွက် အသက်မုန့်ထက်၊ ကိုယ်ခန္ဓာကိုကျွေးမွေးဖို့ မုန့်ကိုပဲ ရှာခဲ့ကြပါတယ်။
“ယေရှုခရစ်ဟာ ‘ငါ့အသားကိုစား၍ ငါ့အသွေးကိုသောက်လျှင်၊ အသက်ကိုရ၏”ဆိုတဲ့ အသက်ရဲ့ပဋိညာဉ်ကို ပေးခဲ့ပါတယ်။ ဒီထက်ပိုကြီးမားတဲ့ အံ့ဖွယ်အမှုတော် မရှိပါဘူး။”
အသက်ရဲ့မုန့်ဟာ ခရစ်တော်ရဲ့အသားနဲ့အသွေး ဖြစ်ပါတယ်။
“ယူ၍စားကြလော့။ ဤ(ပသခါမုန့်)ကား ငါ၏ကိုယ်ဖြစ်၏။” မဿဲ ၂၆:၂၆
“ဤ[ပသခါစပျစ်ရည်]ခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွတ်စေခြင်းငှာ သွန်းသော ငါ၏အသွေးဖြစ်၏။” မဿဲ ၂၆:၂၇-၂၈
ခရစ်တော်ဟာ ကျွန်ုပ်တို့ကိုကယ်တင်ဖို့အတွက် ပဋိညာဉ်တရားသစ်ပသခါပွဲနဲ့အတူ ဒုတိယအကြိမ် ကြွလာရမှာဖြစ်ပါတယ်။
ကောင်းကင်ကို ပြန်မတက်ခင်၊ ခရစ်တော်ဆီမှာ သင်တို့ ကယ်တင်ခြင်းရရှိဖို့ဆိုတဲ့
ဆန္ဒတစ်ခုတည်းပဲ ရှိခဲ့ပါတယ်။
တကယ်လို့ ခရစ်တော်ဟာ ဒီမြေကြီးကိုမကြွလာခဲ့ဘူးဆိုရင်၊ ကျွန်ုပ်တို့ဟာ ချစ်ခြင်းမေတ္တာကို မသိနိုင်ပါဘူး။
တကယ်လို့ ခရစ်တော်ဟာ ဒုက္ခဝေဒနာကိုမခံခဲ့ဘူးဆိုရင်၊ ပေးဆပ်ခြင်းဆိုတာကို ကျွန်ုပ်တို့မသိနိုင်ပါဘူး။
ခရစ်တော်ဟာ ကောင်းကင်ဘုံမှာပဲ ရှိတော်မူခဲ့မယ်ဆိုရင်၊ ကျွန်ုပ်တို့ဟာ သူ့ကိုတောင့်တခဲ့မှာ မဟုတ်ပါဘူး။
ကျွန်ုပ်တို့ကိုကယ်တင်ဖို့ ဒုတိယအကြိမ်ကြွလာခဲ့တဲ့ ခရစ်တော်ကို ကျွန်ုပ်တို့ချစ်ကြပါတယ်။
ကြားရပါသလား။ ခရစ်တော်ဟာ သင့်ရဲ့စိတ်နှလုံးတံခါးကို ခေါက်နေတာကို ကြားပါသလား။ ခရစ်တော်ဟာ သင့်ကို ချစ်တော်မူပါတယ်။ သင့်ကို ထာဝရအသက် ပေးလိုပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်