ယေရှုခရစ်ဟာ ပသခါပွဲအပါအဝင်၊ ပညတ်တော်တွေကို ဖျက်သိမ်းဖို့ကြွလာခဲ့တာ မဟုတ်ဘဲ၊
အပြစ်မပါဘဲ ပြည့်စုံတဲ့ပညတ်တော်တွေအဖြစ် ပြောင်းလဲပေးဖို့အတွက် ကြွလာခဲ့တာဖြစ်ပါတယ်။
"ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။" ရှင်မဿဲခရစ်ဝင် ၅:၁၇
တိရစ္ဆာန်တွေကို ယဇ်ကောင်အဖြစ်ပူဇော်ခဲ့တဲ့ မောရှေရဲ့ပညတ်ဟာ၊ အာရုန်ရဲ့ထုံးတမ်းစဉ်လာဖြစ်ပြီး၊
ခရစ်တော်တည်ထောင်ပေးတော်မူတဲ့ ပဋိညာဉ်တရားသစ် ပသခါပွဲဟာ မေလခိဇေဒက်ရဲ့ထုံးတမ်းစဉ်လာ၊
တစ်နည်းအားဖြင့် ခရစ်တော်ရဲ့ပညတ်တော်ပဲဖြစ်ပါတယ်။
ယေရှုခရစ်ဟာ မေလခိဇေဒက်ရဲ့ထုံးတမ်းစဉ်လာကိုလိုက်တဲ့
ယဇ်ပုရောဟိတ်မင်းအဖြစ် ဒီမြေကြီးကိုကြွလာပြီးတော့၊
ပသခါပွဲ မုန့်နဲ့ စပျစ်ရည်အားဖြင့် ထာဝရအသက်ရဲ့ကောင်းချီးကို ပေးတော်မူခဲ့ပါတယ်။
ဒါကြောင့်၊ ကနဦးအသင်းတော်က သန့်ရှင်းသူတွေအားလုံးဟာ
ဒီပဋိညာဉ်တရားသစ်ကို တန်ဖိုးထားပြီး စောင့်ခဲ့ကြပါတယ်။
ဘုရားသခင်ကို ယုံကြည်တဲ့သူတွေဟာ၊
မေလခိဇေဒက်ရဲ့ကြိုတင်ဟောစကားအတိုင်း တစ်ဖန်ပြန်ကြွလာတဲ့ ခရစ်တော်အန်ဆန်ဟုန်းကို ယုံကြည်ပြီး၊
ကမ္ဘာကုန်ဆုံးတဲ့နေ့အထိ ပဋိညာဉ်တရားသစ် ပသခါပွဲကို စောင့်ရှောက်ကြရမှာဖြစ်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်