ဧဒင်ဥယျာဉ်ထဲက ကောင်းမကောင်းသိကျွမ်းရာအပင်နဲ့ အသက်ပင်ဟာ၊
ကောင်းကင်နိုင်ငံတော်အကြောင်းကို လူသားတွေဆီသင်ကြားဖို့
ဘုရားသခင်ဖန်ဆင်းထားတဲ့ အရိပ်ပဲဖြစ်ပါတယ်။
ဘုရားသခင်ကပဲ ဧဒင်ဥယျာဉ်ထဲက ထာဝရအသက်ကိုပေးတဲ့
အသက်ပင်လမ်းကို ဖွင့်နိုင်ပါတယ်။ ထာဝရအသက်ကိုပေးဖို့အတွက်၊
ယေရှုခရစ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)က
ပဋိညာဉ်တရားသစ် ပသခါပွဲကိုပေးခဲ့ပြီး၊ ခရစ်တော်အန်ဆန်ဟုန်းဟာ
ဒီခေတ်မှာ ပဋိညာဉ်တရားသစ် ပသခါပွဲကို ပေးခဲ့ပါတယ်။
ဒါကြောင့်၊ ခရစ်တော်အန်ဆန်ဟုန်းဟာ ဘုရားသခင်ဖြစ်ပါတယ်။
စစ်မှန်တဲ့ခရစ်တော်ဟာ သမ္မာကျမ်းစာနဲ့ ပရောဖက်တွေရဲ့သက်သေခံချက်အတိုင်း
ပေါ်ပေါက်လာမှာ သေချာပါတယ်။ ကနဦးအသင်းတော် သန့်ရှင်းသူတွေက
ယေရှုခရစ်ဟာ ခရစ်တော်ဖြစ်တယ်လို့ ဘယ်နေရာမှာမဆို ဟောပြောခဲ့သလိုမျိုး၊
ဒီခေတ်မှာလည်း၊ ပဋိညာဉ်တရားသစ် ပသခါပွဲကို ယူဆောင်လာတဲ့
အဖေအန်ဆန်ဟုန်းဟာ ဒုတိယအကြိမ်ကြွလာတော်မူတဲ့
ခရစ်တော်ဖြစ်တယ်ဆိုတာကို ကျွနု်ပ်တို့ဟောပြောကြရပါမယ်။
“ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်းသောက်သောသူသည်
ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။
ငါ၏အသားသည် စားစရာကောင်း၏။ ငါ၏အသွေးလည်း သောက်စရာကောင်း၏။ ...
ငါ့ကိုစားသောသူသည် ငါ့အားဖြင့်အသက်ရှင်လိမ့်မည်။”
ရှင်ယောဟန်ခရစ်ဝင် ၆:၅၄-၅၇
“အချိန်ရောက်မှ တမန်တော် တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌လျောင်းတော်မူ၍
ငါသည် အသေမခံမီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှာ အလွန်အလိုရှိလေပြီ။”
ရှင်လုကာခရစ်ဝင် ၂၂:၁၄-၁၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်