အပြစ်ဖြေရာနေ့မှာ လူသားတွေဟာ သူတို့ ကောင်းကင်မှာ ကျူးလွန်ခဲ့တဲ့အပြစ်တွေနဲ့ ဒီမြေကြီးမှာ သိလျက်နဲ့ဖြစ်စေ၊ မသိလိုက်ဘဲဖြစ်စေ ကျူးလွန်ခဲ့တဲ့အပြစ်တွေအားလုံးကို ဘုရားသခင်ရှေ့မှာနောင်တရတဲ့အခါ၊ ဘုရားသခင်ရဲ့ကျေးဇူးတော်အားဖြင့် အပြစ်ခွင့်လွှတ်ခြင်းခံရပြီး၊ ကောင်းကင်နိုင်ငံကိုပြန်သွားနိုင်တဲ့ အခွင့်အရေးကို ဘုရားသခင်က ခွင့်ပြုပေးမှာဖြစ်ပါတယ်။
ယေရှုခရစ်တော်က ဒီမြေကြီးကိုကြွလာပြီး၊ “နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ”လို့ မိန့်တော်မူခဲ့သလိုမျိုး၊ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်လည်း လူသားတွေကို ပြီးပြည့်စုံတဲ့ နောင်တရခြင်းအားဖြင့် ဘေးဒဏ်ကနေ လွတ်မြောက်ဖို့နဲ့ ကယ်တင်ခြင်းခံရဖို့ မိန့်ကြားနေတော်မူပါတယ်။
ယေရှုကလည်း၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။
ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှာ ငါလာသည်မဟုတ်။ ဆိုးသောသူတို့ကိုခေါ်ခြင်းငှာ ငါလာသတည်းဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် ၅:၃၁-၃၂
ကြည့်ရှုလော့။ ထာဝရဘုရားသည် မကယ်မတင်နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည် မဟုတ်။
သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှာ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။
ဟေရှာယအနာဂတ္တိကျမ်း ၅၉:၁-၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်