ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို မိမိကျေနပ်သလို အဓိပ္ပာယ်ဖော်ပြပြီး တစ်စိတ်တစ်ပိုင်းပဲ နာခံခဲ့တဲ့ ရှောလုမင်းလို မဖြစ်သင့်ပါဘူး။ အဲဒီအစား၊ ကျွန်တော်တို့ဟာ ဟေဇကိမင်းလိုမျိုး အိမ်ပြေးသားလိုဖြစ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့စိတ်ကို လောကကနေ ပြန်လှည့်ပြီး မာလခိအနာဂတ္တိကျမ်းမှာ ရေးထားတဲ့အတိုင်း၊ ဆယ်ဖို့တစ်ဖို့နဲ့ ပူဇော်သကာတွေအားဖြင့် ဘုရားသခင်ဆီ ပြန်လှည့်ကြရမှာ ဖြစ်ပါတယ်။ ဒါဟာ နောင်တရခြင်းဖြစ်ပါတယ်။
အပြစ်ဖြေရာနေ့ဟာ ကျွန်တော်တို့ ကောင်းကင်မှာရော၊ မြေကြီးမှာပါ သိလျက်နဲ့ကျူးလွန်ခဲ့တဲ့အပြစ်နဲ့ မသိဘဲကျူးလွန်ခဲ့တဲ့အပြစ်အားလုံးကို အပြစ်ရဲ့အရင်းအမြစ်ဖြစ်တဲ့ စာတန်ဆီ ပြန်ပေးတဲ့နေ့ဖြစ်ပါတယ်။
ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဟာ ဒီစုံလင်တဲ့နောင်တရခြင်းကို ကောင်းကင်နိုင်ငံရဲ့ ဧဝံဂေလိတရားဖြစ်တဲ့ ပဋိညာဉ်တရားသစ်ပွဲတော်ကနေတစ်ဆင့် လုပ်ဆောင်နိုင်တဲ့အကြောင်းကို ကျွန်တော်တို့ဆီ သိခွင့်ပေးခဲ့ပါတယ်။
ငါ့ထံသို့ ပြန်လာကြလော့။ ငါသည်လည်း သင်တို့ဆီသို့ ပြန်လာမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ အကျွန်ုပ်တို့သည် အဘယ်သို့ ပြန်လာရပါမည်နည်းဟု သင်တို့မေးကြသည်တကား။ လူသည် ဘုရားသခင်၏ဥစ္စာတော်ကို လုယူရမည်လော။ ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း၊ ပူဇော်သကာတို့ကိုလည်းကောင်း လုယူကြပြီ။
မာလခိအနာဂတ္တိကျမ်း ၃:၇-၈
ကျမ်းစာ၌လာသည်အတိုင်း၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ပသခါပွဲကို မခံသောကြောင့်လည်းကောင်း၊ အရပ်ရပ်တို့ကလာ၍၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားအား၊ ယေရုရှလင်မြို့၌ ပသခါပွဲကိုခံစေခြင်းငှာ၊ ဣသရေလပြည် တစ်လျှောက်လုံး၊ ဗေရရှေဘမြို့မှစ၍ ဒန်မြို့တိုင်အောင်၊ ကြော်ငြာစေမည်အကြောင်း အမိန့်တော်နှင့်စီရင်ကြ၏။ အိုဣသရေလအမျိုးသားတို့၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ ဘုရားသခင် ထာဝရဘုရားထံသို့ ပြန်လာကြလော့။
ရာဇဝင်ချုပ်ဒုတိယစောင် ၃၀:၄-၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်