ဘေးဒဏ်ကနေ လွတ်မြောက်နိုင်တဲ့နည်းလမ်းဟာ ပဋိညာဉ်တရားသစ်ပသခါပွဲ စောင့်ဖို့ပဲဖြစ်ပါတယ်။ ဒုတိယအကြိမ်ကြွလာတဲ့ ခရစ်တော်အန်ဆန်ဟုန်း တည်ထောင်တဲ့ ဘုရားသခင်၏အသင်းတော်ကပဲ သမ္မာကျမ်းစာရဲ့သင်ကြားချက်အတိုင်း ပဋိညာဉ်တရားသစ် ပသခါပွဲကို စောင့်ကြပါတယ်။
ရာသီဥတုဖောက်ပြန်ခြင်း၊ ငလျင်၊ တိုင်ဖွန်း၊ အငတ်ဘေးနဲ့ စစ်ပွဲတွေ ဆက်ဖြစ်နေပြီး လူသတ်မှုက မရပ်တန့်ပါဘူး။ တကယ်လို့ ဒီဘေးဒဏ်တွေက သင်တို့အပေါ်ကျရောက်လာရင်၊ အဲဒီဘေးဒဏ်တွေကို ရှောင်ရှားနိုင်ပါသလား။
စစ်ပွဲ! အစာခေါင်းပါးခြင်း! မြေငလျင်! ကပ်ရောဂါ!
သားသမီးတွေကို ဆုံးရှုံးရတဲ့သူတွေဟာ သူတို့နာမည်တွေကို ခေါ်ပြီး
ဝမ်းနည်းကြေကွဲနေကြပါတယ်။ လူတွေဟာ အဝတ်အစားနဲ့ အစားအစာ ငတ်မွတ်ခေါင်းပါးပြီး မြေကြီးပေါ်မှာ ကျက်စားပြီး တိတ်ဆိတ်စွာ ငိုကြွေးနေကြပါတယ်။ ကျွန်ုပ်တို့ဟာ အချိန်မရွေး ဖြစ်ပျက်နိုင်တဲ့ ရာသီဥတုဖောက်ပြန်မှု၊ ငလျင်၊ တိုင်ဖွန်း၊ စစ်ပွဲနဲ့ အငတ်ဘေးကို စိုးရိမ်နေပြီး တုန်လှုပ်နေကြပါတယ်။
ဘေးအန္တရာယ်ထဲမှ ညည်းတွားသံကို နားထောင်တော်မူပါ! ပသခါပွဲအားဖြင့် ဣသရေလလူမျိုးတွေကို ဘေးဒဏ်ကနေကယ်ထုတ်ခဲ့တဲ့ တန်ခိုးကြီးတော်မူသော ဘုရားသခင်! ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို သနားတော်မူပြီး ဘေးဒဏ်ကနေ ကယ်တင်ခံရနိုင်တဲ့နည်းလမ်းကို သိစေတော်မူပါ! ကျေးဇူးပြုပြီး ကယ်တင်ပေးတော်မူပါ!
လွန်ခဲ့တဲ့နှစ်ပေါင်း (၃,၅၀၀)တုန်းက၊ အဲဂုတ္တုပြည်မှာ သားဦးကိုသတ်တဲ့ ဘေးဒဏ်ကျရောက်တဲ့အခါ၊ တစ်နှစ်သားသိုးသငယ်တွေကို သတ်ပြီး၊ အိမ်တံခါးထုပ်နဲ့ တံခါးတိုင်နှစ်ဖက်မှာ အသွေးထိုးပြီး ပသခါပွဲကို စောင့်ခဲ့တဲ့ မိသားစုတွေဟာ ဘာထိခိုက်မှုမှ မရှိပါဘူး။
သိုးသငယ်၏အသွေးသည် သင်တို့နေရာအိမ်၌ သင်တို့၏လက္ခဏာသက်သေဖြစ်၍၊ ထိုအသွေးကိုငါမြင်သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့အဲဂုတ္တုပြည်ကို ငါသည်ဒဏ်ခတ်သောအခါ၊ ဖျက်ဆီးခြင်းဘေးဥပဒ်သည် သင်တို့ကို မသင့်မရောက်ရ။ ထွ ၁၂:၁၁-၁၄
ဘုရားသခင့်တန်ခိုးတော်ရဲ့လက္ခဏာဖြစ်တဲ့ ပသခါပွဲဟာ ကျွန်တော်တို့ကို ဘေးဒဏ်ကနေ ကာကွယ်ပေးပါတယ်။ အဲဂုတ္တုပြည်မှာ စောင့်ခဲ့တဲ့ ပသခါပွဲဟာ အရိပ်တစ်ခုဖြစ်ပါတယ်။ ကားစင်တင်မခံရခင် ယေရှုခရစ်တည်ထောင်ပေးတဲ့ ပသခါပွဲဟာ အစစ်အမှန်ဖြစ်ပါတယ်။ (လု ၂၂:၂၀၊ မ ၂၆:၁၇)
ယေရှုခရစ်ရဲ့အဖိုးတန်တဲ့အသွေးထဲမှာ ပါဝင်နိုင်တဲ့ “ပဋိညာဉ်တရားသစ် ပသခါပွဲ”ကို ဒီနေ့ခေတ်မှာ ကျွန်တော်တို့စောင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့၊ အေဒီ (၃၂၅)ခုနှစ်၊ နိုင်စီးယားအစည်းအဝေးမှာ ယေရှုခရစ်ရဲ့အဖိုးတန်တဲ့အသွေးတော်ပါရှိတဲ့ ပဋိညာဉ်တရားသစ် ပသခါပွဲကို လုံးလုံးဖျက်သိမ်းသွားခဲ့ပါတယ်။
ဒါပေမဲ့ ဘုရားသခင်က “အချိန်ရောက်လျှင် ထိုအမှုကို ငါနှိုးဆော်မည်”လို့ မိန့်တော်မူခဲ့ပြီး၊ (ဟေရှာ ၆၀:၂၂) အချိန်တန်တဲ့အခါ ဘုရားသခင်ရဲ့အမှန်တရားဖြစ်တဲ့ ပသခါပွဲက ပေါ်ထွန်းလာခဲ့ပါတယ်။ သမ္မာကျမ်းစာထဲမှာ ကြိုတင်ဟောကြားထားတဲ့အတိုင်း ဒုတိယအကြိမ်ကြွလာတဲ့ ခရစ်တော် အန်ဆန်ဟုန်း ဟာ ပဋိညာဉ်တရားသစ် ပသခါပွဲကို ပြန်လည်တည်ထောင်ပေးခဲ့ပါတယ်။
ယေရှုခရစ်ရဲ့ နောက်ဆုံးညစာစားပွဲလိုမျိုး မုန့်နဲ့ စပျစ်ရည်အားဖြင့် ပသခါပွဲကိုကျင်းပတဲ့ အသင်းတော်ဟာ ကမ္ဘာတစ်ဝန်းလုံးမှာ ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း (သင်းအုပ်ဆရာချုပ် ဂင်မ်ဂျူချောလ်) တစ်ခုတည်းပဲဖြစ်ပါတယ်။
အို ဘုရားသခင်၊ တစ်လောကလုံးက ယေရှုခရစ်ရဲ့ အဖိုးတန်တဲ့အသွေးထဲမှာ ပါဝင်ပြီး ဘေးဒဏ်ကနေ ကယ်တင်ခံရနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်း ပဋိညာဉ်တရားသစ် ပသခါပွဲကို ကျွန်ုပ်တို့ကို ဟောပြောစေတော်မူပါ!
ဒုတိယအကြိမ်ကြွလာတဲ့ ခရစ်တော်အန်ဆန်ဟုန်း တည်ထောင်တဲ့ ဘုရားသခင်၏အသင်းတော်ကို လာပြီး ပဋိညာဉ်တရားသစ် ပသခါပွဲကို စောင့်ခြင်းအားဖြင့် ဘေးဒဏ်တွေကနေ ကယ်တင်ခံရပြီး ထာဝရအသက်ရရှိကြဖို့ မျှော်လင့်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်