ဘုရားသခင်ဟာ လူသားတွေဆီ ကောင်းကင်သွားတဲ့လမ်းနဲ့ ကယ်တင်ခြင်းခံရနိုင်တဲ့ နည်းလမ်းကို ပြသဖို့အတွက် ဒီမြေကြီးကို ကြွလာတော်မူခဲ့ပါတယ်။
ဒါပေမဲ့ လူအများစုဟာ လူ့ဇာတိနဲ့ကြွလာတဲ့ ယေရှုခရစ်ကို အသိအမှတ်မပြုခဲ့ဘဲ၊ “လူဖြစ်လျက်ပင် အဘယ်သို့ ဘုရားသခင်ဖြစ်ယောင်ဆောင်နိုင်သနည်း”လို့ပြောပြီး သူ့ကို ညှဉ်းဆဲကာ မိစ္ဆာဒိဋ္ဌိလို့ခေါ်ဆိုခဲ့ကြပြီး နောက်ဆုံးမှာ ကားစင်တင်သတ်ခဲ့ကြပါတယ်။
ဒီလိုပါပဲ ဒီနေ့ခေတ်မှာလည်း လူသားတွေကိုကယ်တင်ဖို့ နောက်တစ်ဖန်ကြွလာတဲ့ ခရစ်တော်အန်ဆန်ဟုန်းကို မယုံကြည်ကြပါဘူး။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ က ယေရှုခရစ်ကို ကားစင်တင်ခဲ့ကြပြီး ကယ်တင်ခြင်းကနေ လွဲသွားခဲ့တဲ့ သူတွေလိုမျိုး မဖြစ်ချင်ဘူးဆိုရင်၊ နောက်ဆုံးကာလမှာ ကြွလာမယ်လို့ ကတိပြုတော်မူတဲ့ ဘုရားသခင်ရဲ့ အိမ်တော်၊ ဇိအုန်မှာ ပဋိညာဉ်တရားသစ်ကို စောင့်ရှောက်ပြီး နှုတ်ကပတ်တော်ဟာ လူဇာတိအဖြစ်ကိုခံယူပြီး ကြွလာခဲ့တဲ့ ဘုရားသခင် ခရစ်တော်အန်ဆန်ဟုန်နဲ့ အမေဘုရားသခင်ကို လက်ခံကြရမှာဖြစ်ပါတယ်။
ငါသည် ငါ့ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။ ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ တစ်ဖန် ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ... ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့် ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆိုကြ၏။
ရှင်ယောဟန်ခရစ်ဝင် ၁၀:၃၀-၃၃
ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တစ်ခါတည်း ကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တစ်ဖန် ထိုသခင်ကို မျှော်လင့်လျက်နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတ္တံ့။
ဟေဗြဲ ၉:၂၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်