ယေရှုခရစ်ဟာ ဘယ်အမှန်တရားကို ငါ၏အသွေးလို့
ခေါ်ဆိုခဲ့ပါသလဲ။ ယေရှုခရစ် လက်ဝါးကပ်တိုင်မှာ သွန်းခဲ့တဲ့
အသွေးနဲ့ တည်ထောင်ထားတဲ့ ပဋိညာဉ်တရားသစ်
ပသခါပွဲမှာ မပါဝင်ဘူးဆိုရင်၊ ကမ္ဘာပေါ်က
လူသန်းပေါင်းများစွာထဲမှာ ဘယ်သူကမှ ဘုရားသခင်ရဲ့
ဖြောင့်မတ်ခြင်းကို မရောက်နိုင်ဘဲ၊ ကယ်တင်ခြင်း၊
အပြစ်ခွင့်လွှတ်ခြင်းနဲ့ ကောင်းကင်မှာ
တော်ဝင်ယဇ်ပုရောဟိတ်ရာထူးကတိကိုလည်း မရရှိနိုင်ပါဘူး။
ဘုရားသခင်၏အသင်းတော်သည် ဘုရားသခင်၏
အသွေးတော်နှင့် ပြည့်စုံသော ကောင်းကင်မိသားစု
ဖြစ်ပါသည်။ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့
အသားနဲ့ အသွေးကို စားသောက်ခြင်းမရှိဘဲ
အသက်မရှင်နိုင်တဲ့အတွက်၊ ခရစ်တော်အန်ဆန်ဟုန်းဟာ
ဒုတိယအကြိမ်ကြွလာပြီး အေဒီ (၃၂၅)မှာ ဖျက်သိမ်းခဲ့တဲ့
ပသခါပွဲကို ပြန်လည်တည်ထောင်ပေးပြီးတော့၊
လူသားတွေအတွက် အသက်ရဲ့အရင်းအမြစ်ဖြစ်တဲ့
ယေရုရှလင် ကောင်းကင်အမေကို သက်သေခံပေးခဲ့ပါတယ်။
“မိစဉ်ဘဆက် ကျင်လည်သောအချည်းနှီး
ကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော
ဖောက်ပြန်ပျက်စီးတတ်သောဥစ္စာနှင့် သင်တို့ကို
ရွေးတော်မူသည်မဟုတ်။ အဘယ်အပြစ်မျှမရှိ၊
အညစ်အကြေးနှင့်ကင်းစင်သော သိုးသငယ်ကဲ့သို့သော
ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို
သိမှတ်ကြလော့။”
ရှင်ပေတရုသြဝါဒစာပထမစောင် ၁:၁၈-၁၉
ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊
လူသား၏ အသားကိုမစား၊ အသွေးကိုမသောက်လျှင်
သင်တို့၌ အသက်မရှိ။
ရှင်ယောဟန်ခရစ်ဝင် ၆:၅၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်