ဘုရားသခင်၏အသင်းတော်ဟာ ဘုရားသခင်ရဲ့ပညတ်တော်တွေဖြစ်တဲ့ ဥပုသ်နေ့နဲ့ ပသခါပွဲ စတဲ့ ပွဲတော်တွေကို စောင့်ရှောက်ကြပါတယ်။ ဘုရားသခင်ရဲ့ပညတ်တော်တွေကို မစောင့်ဘူးဆိုရင်၊ ဘုရားသခင်ပေးတော်မူတဲ့ ကောင်းတဲ့သိမြင်နားလည်မှုကို မရနိုင်ဘဲ၊ ဉာဏ်ပညာတွေပျောက်ကွယ်သွားပြီး၊ ‘ဘုရားသခင်မရှိဘူး’ဆိုတဲ့ အတွေးနဲ့ ဆိုးညစ်တဲ့အပြုအမူတွေကို ကျူးလွန်မိမှာဖြစ်ပါတယ်။
ခမည်းတော်ခေတ်မှာ ယေဟောဝါကိုရှာပြီး၊ သားတော်ခေတ်မှာ ယေရှုခရစ်ကိုရှာပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးဖြစ်တဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ကို ရှာတဲ့သူတွေဟာ သိမြင်နားလည်မှုရှိတဲ့ ဘုရားသခင်ရဲ့လူမျိုးအစစ်တွေဖြစ်ပြီး ကယ်တင်ခြင်းခံရနိုင်တယ်လို့ ကျမ်းစာက သက်သေပြုနေပါတယ်။
ဘုရားသခင်မရှိဟု မိုက်သောသူသည်ထင်တတ်၏။ ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ်ဖွယ်သော ဒုစရိုက်ကို ပြုတတ်ကြ၏။ ကောင်းသောအမှုကိုပြုသောသူ တစ်ယောက်မျှမရှိ။
နားလည်သောသူ၊ ဘုရားသခင်ကိုရှာသောသူ တစ်စုံတစ်ယောက်ရှိသည် မရှိသည်ကို သိမြင်ခြင်းငှာ ဘုရားသခင်သည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ကြည့်ရှုတော်မူ၍၊
လူအပေါင်းတို့သည် ဆုတ်သွားကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တစ်ယောက်မျှမရှိ။
ဆာလံကျမ်း ၅၃:၁-၃
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသောသူတို့သည် ကောင်းသောဉာဏ်ရှိကြ၏။ ဂုဏ်အသရေတော်သည် အစဉ်အမြဲ တည်သတည်း။
ဆာလံ ၁၁၁:၁၀
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်