တမန်တော်ယောဟန်ဟာ လူသားအားလုံး ငရဲကိုသွားရမယ့် ကံဆိုးတဲ့အခြေအနေကို မြင်ပြီး ငိုကြွေးတဲ့အခါ၊ အသက်ကြီးသူတစ်ဦးက “အနာဂတ်တွင် ဒါဝိဒ်၏အမြစ်သည် တံဆိပ်ခတ်ပြီးသော သမ္မာကျမ်းစာကိုဖွင့်၍ လူသားတို့ကို ကယ်တင်လိမ့်မည်”လို့ ပြောခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ ဒါဝိဒ်မင်းလိုမျိုး အသက်သုံးဆယ်မှာ ဗတ္တိဇံခံပြီး ၃၇ နှစ် စိုးစံခြင်းကို ပြည့်စုံစေပြီး တံဆိပ်ခတ်ထားတဲ့ သမ္မာကျမ်းစာ လျှို့ဝှက်ချက်ဖြစ်တဲ့ ပဋိညာဉ်တရားသစ် နဲ့ ကောင်းကင်အမေအကြောင်းကို ထုတ်ဖော်ပြသတဲ့သူဟာ ခရစ်တော်အန်ဆန်ဟုန်းဖြစ်ပါတယ်။
သမ္မာကျမ်းစာရဲ့လျှို့ဝှက်ချက်တွေကို ဒါဝိဒ်ကပဲ ဖွင့်ပြနိုင်တဲ့အတွက် လူသားတွေဟာ ဒါဝိဒ်နဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။ ဒါဝိဒ်အဖြစ် ကြွလာတဲ့ ခရစ်တော် အန်ဆန်ဟုန်းဟာ ဒီယာယီအသက်တာအစား ထာဝရကောင်းကင်နိုင်ငံအကြောင်းကို သွန်သင်ပေးခဲ့ပါတယ်။ ဒီ့အပြင်၊ သူဟာ ဘုရားသခင်ရဲ့အကြံအစည်ထဲမှာ ဖုံးကွယ်ထားတဲ့ အမေဘုရားသခင်၊ ဝိညာဉ်ရေးဧဝရဲ့တည်ရှိခြင်းကိုလည်း သွန်သင်ခဲ့ပါတယ်။ ဒါကြောင့်၊ အမေဘုရားသခင် ကိန်းဝပ်တော်မူတဲ့ ဘုရားသခင်၏အသင်းတော်ကို လူမျိုးအားလုံး ရောက်လာနေကြပါတယ်။
“ထိုအခါအသက်ကြီးသောသူတစ်ပါးက၊ မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကိုလည်းကောင်း၊ တံဆိပ် ခုနစ်ချက်တို့ကိုလည်းကောင်း၊ ဖွင့်ခြင်းငှာ အောင်မြင်လေပြီဟု ငါ့ကိုပြောဆို၏။”
ဗျာဒိတ်ကျမ်း ၅:၄-၅
“လူသည် တစ်ခါတည်းသေ၍ ထိုနောက်မှ တရားစီရင်တော်မူခြင်းကို ခံရသကဲ့သို့၊ ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တစ်ခါတည်း ကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တစ်ဖန် ထိုသခင်ကို မျှော်လင့်လျက်နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတ္တံ့။”
ဟေဗြဲသြဝါဒစာ ၉:၂၇-၂၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်