ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့နေ့ဟာ သတ္တမနေ့
ဥပုသ်နေ့ဖြစ်ပြီး စနေနေ့ဖြစ်ပါတယ်။
ဥပုသ်နေ့ဟာ ကောင်းချီးရှိတဲ့ သန့်ရှင်းတဲ့နေ့ဖြစ်ပြီး၊
ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ လူမျိုးအဖြစ်
အသိအမှတ်ပြုခံရတဲ့နေ့ဖြစ်ပါတယ်။ ပညတ်တော်ဆယ်ပါးထဲက
စတုတ္တမြောက်ပညတ်အဖြစ်၊ လူသားတွေစောင့်ရမယ့်
ဝတ်ပြုရာနေ့လည်းဖြစ်တဲ့အတွက် ယေရှုခရစ်၊
အန်ဆန်ဟုန်းဘုရားသခင်နဲ့ အမေဘုရားသခင်လည်း
ဥပုသ်နေ့စောင့်တဲ့ ပုံသက်သေကို ပြခဲ့ပါတယ်။
ဘုရားသခင်က ကာဣနရဲ့ယဇ်ပူဇော်ခြင်းကို လက်မခံဘဲ၊
အာဗေလရဲ့ ယဇ်ပူဇော်ခြင်းကိုပဲ လက်ခံခဲ့တဲ့အကြောင်းရင်းနဲ့၊
ဒီနေ့ခေတ် သင်းအုပ်ဝန်ထမ်းတွေနဲ့တူတဲ့ ယဇ်ပုရောဟိတ်တွေဖြစ်တဲ့
အာရုန်ရဲ့သားနှစ်ယောက် နာဒပ်နဲ့ အဘိဟုကို ဘုရားသခင် ဖျက်ဆီးခဲ့တဲ့
အကြောင်းရင်းဟာ၊ သူတို့ဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်ကို မနာခံဘဲ
သူတို့စိတ်တိုင်းကျ လုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဒီလိုပါပဲ၊ ဘုရားသခင်ရဲ့အလိုတော်အတိုင်း ဥပုသ်နေ့ကိုစောင့်ခြင်းဟာ
ကောင်းချီးခံရတဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။
“ထိုသတ္တမနေ့ကို ဘုရားသခင်သည်
ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။”
ကမ္ဘာဦးကျမ်း ၂:၃
“ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာ၊
ထိုနေ့ရက်ကိုအောက်မေ့လော့။”
ထွက်မြောက်ရာကျမ်း ၂၀:၈
“ကြီးပွားတော်မူရာ နာဇရက်မြို့သို့ရောက်ပြန်လျှင်၊
ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားစရပ်သို့ဝင်၍
ကျမ်းစာကိုဘတ်ရွတ်ခြင်းငှါ ထတော်မူ၏။”
ရှင်လုကာခရစ်ဝင် ၄:၁၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်