တနင်္ဂနွေနေ့ ဝတ်ပြုခြင်းနဲ့ ခရစ္စမတ်တွေဟာ နေဘုရားကို ဝတ်ပြုကိုးကွယ်ဖို့အတွက်ဖြစ်ပြီး၊ လူ့ပညတ်တွေထဲမှာ ပါဝင်ပါတယ်။ သားတော်ခေတ်မှာ ယေရှုခရစ်နဲ့ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်တို့ဟာ လူ့ပညတ်တွေကို စောင့်ရှောက်တဲ့သူက အပြင်ပန်းအရ ဘယ်လိုပဲဖြစ်နေပါစေ၊ မိစ္ဆာပရောဖက်တွေပဲ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ဆီ သင်ပေးခဲ့ပါတယ်။
မိစ္ဆာပရောဖက်တွေဟာ သိုးရေခြုံထားတဲ့ တောခွေးလိုမျိုး ကောင်းတဲ့သိုးထိန်းအဖြစ် ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ကြပါတယ်။
ဘုရားသခင်က စောင့်ဖို့ မိန့်တော်မူတဲ့ ပညတ်တော်တွေကို မစောင့်စေဖို့အတွက်၊ သူတို့ဟာ လူတွေကို လှည့်ဖြားပါတယ်။
ဘုရားသခင်၏အသင်းတော်တစ်ခုတည်းကပဲ မိန်းမရဲ့ ကျန်ကြွင်းတဲ့အမျိုးအနွယ်တွေအနေနဲ့ ဥပုသ်နေ့နဲ့ ပသခါစတဲ့ ဘုရားသခင်ရဲ့ပညတ်တွေကို စောင့်ရှောက်ပြီး၊ အမှားထဲကနေ အမှန်ကို ခွဲခြားသိမြင်နိုင်တဲ့နေရာ ဖြစ်ပါတယ်။
လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍
နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု နောက်ဖြစ်လတ္တံ့သောအရာကို လျောက်ပတ်စွာ
ဟောခဲ့ပြီဟု ပြန်၍မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင် ၁၅:၇-၉
အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့်ရှောင်ကြလော့။
ရှင်မဿဲခရစ်ဝင် ၇:၁၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်