လူ့ပညတ်အားဖြင့် သားရဲထဲမှာ တည်နေမယ်ဆိုရင်၊ ငရဲဒဏ်ခံရမယ့် သားရဲရဲ့ တံဆိပ်ကို ခံရမှာဖြစ်ပါတယ်။ သမ္မာကျမ်းစာရဲ့ သင်ကြားမှုအတိုင်း၊ ယေရှုခရစ်ရဲ့ နာမသစ်ဖြစ်တဲ့ အန်ဆန်ဟုန်းဘုရားသခင်နဲ့ အသစ်သော ယေရုရှလင် အမေကို သိမြင်နားလည်ပြီး ယုံကြည်ခြင်းကို အဆုံးထိ စောင့်ရှောက်မယ်ဆိုရင် ဘုရားသခင်ပေးတဲ့ ကယ်တင်ခြင်းတံဆိပ်ကို ခံရမှာဖြစ်ပါတယ်။
ဘုရားသခင်ဟာ ဘုရားသခင်ကို ကြောက်ရွံ့ကိုးကွယ်တဲ့ သားသမီးတွေအားလုံးကို နောက်ဆုံးဘေးဒဏ်ကနေ ကယ်တင်ဖို့အတွက်၊ ပသခါပွဲ စတဲ့ ဘုရားသခင်ရဲ့ ပညတ်တော်တွေကို ယူဆောင်ပြီး အရှေ့မျက်နှာ ကိုရီးယားနိုင်ငံကနေ သားသမီးတွေရဲ့ နဖူးပေါ်မှာ တံဆိပ်ခတ်ခြင်းအမှုကို စတင်မယ်လို့ ကျမ်းစာက ကြိုတင်ဟောထားပါတယ်။
ပင်လယ်နား၌ သဲပေါ်မှာ ငါရပ်၍၊ သားရဲ တစ်ကောင်သည် ... လက်ယာလက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှာလည်းကောင်း၊ ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏ နာမဖြစ်စေ၊ နာမ၏ အရေအတွက်ဖြစ်စေ၊ တစ်ခုခုကို မခံသောသူတစ်ယောက်မျှ မရောင်းမဝယ်စေခြင်းငှာလည်းကောင်း စီရင်၏။
ဗျာဒိတ်ကျမ်း ၁၃:၁-၁၇
အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင်တမန်တစ်ပါးသည် အရှေ့မျက်နှာက တက်လာသည်ကို ငါမြင်၏။ သူသည်လည်း မြေနှင့်ပင်လယ်ကို ညှဉ်းဆဲရသောအခွင့်ရှိသော ကောင်းကင်တမန်လေးပါးကို အသံလွှင့်၍၊ ငါတို့ဘုရားသခင်၏ ကျွန်တို့ကို နဖူး၌ တံဆိပ်မခတ်မီတိုင်အောင်၊ မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဉ်းဆဲပါနှင့်ဟု ကြီးသောအသံနှင့် ကြွေးကြော်လေ၏။
ဗျာဒိတ်ကျမ်း ၇:၂-၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်