သားအိမ်မှာကြားရတဲ့ အမေရဲ့အသံတွေကတစ်ဆင့် လူတွေဟာ
ငြိမ်သက်ခြင်းနဲ့ နှစ်သိမ့်မှုကို ရရှိသလို၊ ဘုရားသခင်ရဲ့သားသမီးတွေဟာ
အမေဘုရားသခင်ရဲ့အသံတော်ကို ကြားတဲ့အခါမှာ
ဝိညာဉ်ရေးဆိုင်ရာ ငြိမ်သက်မှုကို ရရှိမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းက၊ ယေရှုခရစ်တစ်ပါးတည်းက
“မည်သူမဆို ငါ့ထံသို့လာ၍ အသက်ရေကို ခံယူစေ”လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ၊ ခရစ်တော် အန်ဆန်ဟုန်းနဲ့
အမေဘုရားသခင်က ကယ်တင်ခြင်းအသံကို အတူတကွ ကြွေးကြော်မှာဖြစ်ပါတယ်။
ခရစ်တော် အန်ဆန်ဟုန်းဟာ “ဧလိရှဲသည် ဧလိယနောက်သို့လိုက်သည်၊
ယောရှုသည် မောရှေနောက်သို့လိုက်သည်၊
ပေတရုသည် ယေရှုခရစ်နောက်သို့လိုက်သည်၊
ငါသည် အမေ့နောက်သို့လိုက်သည်”လို့ ပြောခဲ့ပါတယ်။
ဒါဟာ အမေဘုရားသခင်ရဲ့အသံကိုကြားတဲ့အခါ
လူသားတွေဟာ ကယ်တင်ခြင်းကို ရောက်နိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
“ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟု ဆိုကြ၏။
ကြားသောသူကလည်း၊ လာခဲ့ပါဟုဆိုပါစေ၊
ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ
အသက်ရေကို ယူပါစေ။”
ဗျာဒိတ်ကျမ်း ၂၂:၁၇
“အမိသည် သားငယ်ကို နှစ်သိမ့်စေသကဲ့သို့၊
သင်တို့ကို ငါနှစ်သိမ့်စေမည်။ ယေရုရှလင်မြို့၌ ချမ်းသာရကြလိမ့်မည်။”
ဟေရှာယအနာဂတ္တိကျမ်း ၆၆:၁၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်